Category: နိုင်ငံတကာ

JFTC နှင့်ပူးပေါင်း၍ “MARKET STUDY FOR POLICY RECOMMENDATION” ONLINE SEMINAR ကျင်းပ ပြုလုပ်ခြင်း

၁။             မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်နှင့် Japan Fair Trade Commission (JFTC) တို့ပူးပေါင်း၍ “Market Study for Policy Recommendation” ခေါင်းစဉ်ဖြင့် Online Seminar ကို (၅-၂-၂၀၂၁) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။             အဆိုပါ Webinar တွင် Facilitator အဖြစ် Japan Fair Trade Commission (JFTC) မှ Mr. Tsubota Hiroshi နှင့် Mr.Nakai Susumu တို့က ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ၃။            Webinar တွင် […]
ဆက်လက်ဖတ်ရှုရန်

ယှဉ်ပြိုင်မှုဆိုင်ရာ Online Seminar ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အနေဖြင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်မှ တာဝန်ရှိသူများနှင့် ယှဉ်ပြိုင်မှု ဥပဒေနှင့် သက်ဆိုင်သူများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ Online Seminar ကို JICA မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ နေ့လယ် (၁၅:၀၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်

ယှဉ်ပြိုင်မှုဆိုင်ရာ Virtual Training Workshop ကျင်းပပြုလုပ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် “COVID-19 ကာလအတွင်း စီးပွားရေး လုပ်ငန်းများ မတရားပူးပေါင်းခြင်းနှင့် ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းကို ယှဉ်ပြိုင်မှုအာဏာပိုင်များက မည်သို့ကိုင်တွယ် ဖြေရှင်းမည်” ဟူသည့်ခေါင်းစဉ်ဖြင့် Virtual Training Workshop ကို မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ယှဉ်ပြိုင်မှုအာဏာပိုင်များအတွက် ရည်ရွယ်၍ UNCTAD က ဦးဆောင်ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်

MmCC နှင့် JICA တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး Virtual Meeting ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုအေဂျင်စီ (Japan International Cooperation Agency – JICA) ၊ ဂျပန် မျှတသောကုန်သွယ်ရေး ကော်မရှင် (Japan Fair Trade Commission – JFTC) တို့အကြား နည်းပညာပူးပေါင်းဆောင် ရွက်မှုပြုလုပ်နိုင်ရေးအတွက် (၂၅-၆-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် Virtual Meeting ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှု များနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်နယ်ပယ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုရန်

MmCC နှင့် UNCTAD တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး Virtual Meeting ကျင်းပ ပြုလုပ်ခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့် )United Nations Conference of Trade and Development – UNCTAD) တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးအတွက် (၂၅-၆-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် Virtual Meeting ကျင်းပပြုလုပ်ခဲ့ပြီး UNCTAD အနေဖြင့် ပံ့ပိုးပေးနိုင်သည့် အခြေ အနေများ၊ ပူးပေါင်းဆောင်ရွက်လိုသည့်နယ်ပယ်များကို ဆွေးနွေးခဲ့ကြပါ သည်။
ဆက်လက်ဖတ်ရှုရန်

အာဆီယံမှထုတ်ထားသည့် တရားသူကြီးများ အတွက် ယှဉ်ပြိုင်မှုဆိုင်ရာလက်စွဲစာစောင်များကို မြန်မာ ဘာသာပြန်ဆိုထုတ်ဝေခြင်း

ယှဉ်ပြိုင်မှုကော်မရှင်ရုံးနှင့် ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်း (FNF)တို့ ပူးပေါင်း၍ အာဆီယံမှထုတ်ဝေထားသည့် တရားသူကြီးများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာလက်စွဲစာစောင် (Primer)များကို မြန်မာဘာသာပြန်ဆို ၍ စာအုပ်အဖြစ်စုစည်းကာ ပုံနှိပ်ခဲ့ပါသည်။ အဆိုပါ လက်စွဲစာစောင်များနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေစာအုပ်များကို ပြည်ထောင်စုတရားရုံး ချုပ်လက်အောက်ရှိ မြို့နယ်တရားရုံးများတွင် လက်စွဲအဖြစ်ထားရှိ အသုံးပြုနိုင်ရေးအတွက် လည်းကောင်း၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေစာအုပ်များ ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးအောက်ရှိ မြို့နယ်ဥပဒေရုံးများတွင် လက်စွဲ အဖြစ် ထားရှိအသုံးပြုနိုင်ရေးအတွက်လည်းကောင်း (၂၆-၅-၂၀၂၀) ရက် နေ့တွင် သက်ဆိုင်ရာ တရားရုံးများသို့ ပေးပို့ဖြန့်ချီခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်