Category: အစည်းအဝေး

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၁) အကြိမ် ပုံမှန်အစည်းအဝေးကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နေပြည်တော် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ (၁/၂၀၂၁) အကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့ (၁၄၀၀) နာရီချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအပေါ် အကာအကွယ်ပေးနိုင်မည့် ဥပဒေများ အခိုင်အမာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ […]
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကြားဖြတ်အစည်းအဝေးကျင်းပခြင်း

၁။     မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကြားဖြတ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။       အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဒုတိယဥက္ကဋ္ဌက ဦးဆောင်ကျင်းပခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ၃။      အစည်းအဝေးတွင် ကော်မရှင်က ဆောင်ရွက်လျက်ရှိသော ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များ ပြင်ဆင်ထုတ်ပြန်ရန် ဆောင်ရွက်ထားရှိမှုများအပေါ် ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ

စားသုံးသူကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရဖွဲ့စည်းထားရှိသော မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကို (၁၉-၃-၂၀၂၁)ရက်နေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် စားသုံးသူရေးရာကော်မတီများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန်၊ တိုင်းဒေသကြီး/ပြည်နယ် ကောင်စီများထံသို့ သွားရောက်၍ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးရန်၊ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းစားသုံးမှုပုံစံများကို အဓိကထားပြောင်းလဲရန်၊ ဆီစားသုံးမှုလျော့ချရေးအတွက် နေ့စဉ်ထုတ်သတင်းစာများ၊ သတင်း မီဒီယာများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရေး ကြိုးပမ်းသွားရန်တို့ကို မှာကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဌာန်းမှု၊ စားသုံးသူရေးရာကော်မရှင်နှင့် ကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်းမှုများနှင့် မြန်မာနိုင်ငံတွင် စားအုန်းဆီတင် သွင်းမှုလျှော့ချရေး […]
ဆက်လက်ဖတ်ရှုရန်

ယှဉ်ပြိုင်မှုဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၁။         မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများအကြား ယှဉ်ပြိုင်မှု ဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲတွင် (၄-၂-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ  Zoom Application အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။          အစည်းအဝေးကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ယှဉ်ပြိုင်မှုဥပဒေပြဌာန်းချက်များအပေါ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကိုဖော်ထုတ်၍ ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များအား ဥပဒေပုဒ်မ တစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ၃။        […]
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ (၂/၂၀၂၀) အကြိမ် ပုံမှန်အစည်းအဝေးကို ၂၅-၁၁-၂၀၂၀ ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀:၀၀) အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃)၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ COVID-19 မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေခြင်းကြောင့် အခြားသောယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အစည်းများသည်လည်း အကောင်းဆုံးသော နည်းလမ်းများကို ရှာဖွေအသုံးချပြီး လုပ်ငန်းများလည်ပတ်နိုင်ရေး ကြိုးပမ်းနေကြကြောင်း၊ ဤကဲ့သို့ ကြိုးပမ်းကြရာတွင် ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် COVID-19 ကာလအတွင်း တုန့်ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြသကဲ့သို့ COVID-19 ကာလအလွန် ထူထောင်ရေးလုပ်ငန်းများအတွက်လည်း ကြိုတင်ပြင်ဆင်နေကြပါကြောင်း၊ […]
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ (၁/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

“မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။” အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်သူများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများ၏ အားကိုးအားထား ပြုနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါတွင် ယှဉ်ပြိုင်မှု ကော်မရှင်သို့ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာဆွေးနွေးမေးမြန်းမှုများ၊ တိုင်ကြားမှုများ လက်ခံရရှိမှုတိုးတက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ကော်မရှင်ကို ပြည်သူများ၏ ယုံကြည် အားထားမှု အထိုက်အလျောက်ရရှိလာပြီဆိုသည်ကို ဖော်ပြနေပါကြောင်း၊ ပြည်သူများအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေ အကြောင်းကိုသာမက တိုင်ကြားမှုနည်းလမ်းများကိုလည်း သိရှိနားလည်လာ အောင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် […]
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့ ၁၈-၆-၂၀၁၉ ရက်နေ့တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့ ၁၁-၃-၂၀၁၉ ရက်နေ့ နံနက် (၁ဝး၃၀)နာရီအချိန်မှ စတင်၍ နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့ ၁၉-၁၁-၂၀၁၈ ရက်နေ့ နံနက် (၁ဝး၃၀)နာရီအချိန်မှ စတင်၍ နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်