Tag: FNF

အာဆီယံမှထုတ်ထားသည့် တရားသူကြီးများ အတွက် ယှဉ်ပြိုင်မှုဆိုင်ရာလက်စွဲစာစောင်များကို မြန်မာ ဘာသာပြန်ဆိုထုတ်ဝေခြင်း

ယှဉ်ပြိုင်မှုကော်မရှင်ရုံးနှင့် ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်း (FNF)တို့ ပူးပေါင်း၍ အာဆီယံမှထုတ်ဝေထားသည့် တရားသူကြီးများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာလက်စွဲစာစောင် (Primer)များကို မြန်မာဘာသာပြန်ဆို ၍ စာအုပ်အဖြစ်စုစည်းကာ ပုံနှိပ်ခဲ့ပါသည်။ အဆိုပါ လက်စွဲစာစောင်များနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေစာအုပ်များကို ပြည်ထောင်စုတရားရုံး ချုပ်လက်အောက်ရှိ မြို့နယ်တရားရုံးများတွင် လက်စွဲအဖြစ်ထားရှိ အသုံးပြုနိုင်ရေးအတွက် လည်းကောင်း၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေစာအုပ်များ ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးအောက်ရှိ မြို့နယ်ဥပဒေရုံးများတွင် လက်စွဲ အဖြစ် ထားရှိအသုံးပြုနိုင်ရေးအတွက်လည်းကောင်း (၂၆-၅-၂၀၂၀) ရက် နေ့တွင် သက်ဆိုင်ရာ တရားရုံးများသို့ ပေးပို့ဖြန့်ချီခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်