• +95-67(3)408505
  • mmcc.office@commerce.gov.mm
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။

၂။  ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကိုဆိုသည်။

(ခ) စံချိန်စံညွှန်း ဆိုသည်မှာ နယ်ပယ်တစ်ခုတွင်ရှိသော သက်ဆိုင်ရာ ကဏ္ဍတစ်ခု၌ အနိမ့်ဆုံးသတ်မှတ် ချက်ပြည့်မီစေရန် ရည်ရွယ်၍ စံချိန်စံညွှန်းဆိုင်ရာ သက်ဆိုင်သည့် လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းက အများ သဘောတူညီချက်ကို အခြေခံ၍ ပြုစုရေးဆွဲအတည်ပြုထားသည့် ယေဘုယျနှင့်အကြိမ်ကြိမ် အသုံးချနိုင်သော စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များ၊ ဆောင်ရွက်မှုသွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အကျိုးဆက်များကို ဖွင့်ဆိုရှင်းပြသည့် သတ်မှတ်ချက်များကို ဆိုသည်။

(ဂ) စံချိန်စံညွှန်းသတ်မှတ်ခြင်း ဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်မည့် ကိစ္စတစ်ခုတွင် ထုတ်လုပ်သူများ နှင့် စားသုံးသူများ၊ သုံးစွဲသူများ၏ အကျိုးအတွက် လက်တွေ့အသုံးဝင်မှုအခြေအနေနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး စီးပွားရေးတိုးတက်မြင့်မားစေရန် သက်ဆိုင်ရာ ကျွမ်းကျင်သူများ စုပေါင်းပါဝင်၍ စံချိန်စံညွှန်း ရေးဆွဲသတ်မှတ်သည့် ဆောင်ရွက်မှုလုပ်ငန်းများကို ဆိုသည်။

(ဃ) မြန်မာနိုင်ငံစံချိန်စံညွှန်း ဆိုသည်မှာ အမျိုးသားစံချိန်စံညွှန်းကောင်စီက သတ်မှတ်သော အမျိုးသား စံချိန်စံညွှန်းကိုဆိုသည်။

(င) ပြည်ပနိုင်ငံစံချိန်စံညွှန်း ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခုခုတွင် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့ အစည်းက သတ်မှတ်သော ယင်းနိုင်ငံ၏ အမျိုးသားစံချိန်စံညွှန်းကိုဆိုသည်။

(စ) ဒေသဆိုင်ရာ စံချိန်စံညွှန်း ဆိုသည်မှာ ဒေသဆိုင်ရာစံချိန်စံညွှန်းအဖွဲ့က သတ်မှတ်သော စံချိန်စံညွှန်း ကိုဆိုသည်။

(ဆ) ဒေသဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ ဆိုသည်မှာ အာဆီယံဒေသဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ဥရောပ ဒေသဆိုင်ရာအဖွဲ့အစည်းကဲ့သို့သော အဖွဲ့အစည်းများ၏ စံချိန်စံညွှန်းအဖွဲ့ကိုဆိုသည်။

(ဇ) အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့တစ်ခုခုက သတ်မှတ်သော စံချိန်စံညွှန်းကိုဆိုသည်။

(ဈ) မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း ဆိုသည်မှာ လူ့ကျန်းမာရေး၊ ပုဂ္ဂလိကပစ္စည်းလုံခြုံရေးနှင့်  စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်းကောင်စီက ဤဥပဒေအရ မဖြစ်မနေလိုက်နာရမည်ဟု သတ်မှတ် သည့် စံချိန်စံညွှန်းကိုဆိုသည်။

(ည) ဆန္ဒအလျောက်လိုက်နာနိုင်သည့် စံချိန်စံညွှန်း ဆိုသည်မှာ မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း တွင် အကျုံးမဝင်သော စံချိန်စံညွှန်းကိုဆိုသည်။

(ဋ) အသိအမှတ်ပြုလွှာ ဆိုသည်မှာ အရည်အသွေးထောက်ခံချက် ထုတ်ပေးနိုင်ရေးအတွက် နည်းပညာ ဆိုင်ရာ စစ်ဆေးမှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် လိုအပ်သော အခြားဝန်ဆောင်မှုများကို ဆောင်ရွက်နိုင် စွမ်းရှိကြောင်းအသိအမှတ်ပြုသောဤဥပဒေအရထုတ်ပေးသည့်အထောက်အထားလက်မှတ်ကိုဆို သည်။

(ဌ) အရည်အသွေးထောက်ခံချက် ဆိုသည်မှာ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်၊  ဝန်ဆောင်မှုစံချိန်စံညွှန်း နှင့်ကိုက်ညီကြောင်း ဤဥပဒေအရ ထုတ်ပေးသည့် ထောက်ခံချက်လက်မှတ်ကိုဆိုသည်။

(ဍ) စံချိန်စံညွှန်းဆိုင်ရာအမှတ်တံဆိပ် ဆိုသည်မှာ အသိအမှတ်ကြောင်း အမှတ်တံဆိပ်နှင့် အရည်အသွေး အမှတ်တံဆိပ်များဖြစ်သော ထုတ်ကုန်အရည်အသွေးအမှတ်တံဆိပ်၊ ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ အရည် အသွေးအမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအရည်အသွေးအမှတ်တံဆိပ်တို့ပါဝင်သည်။

(ဎ) ဥပဒေအရ တိကျစွာတိုင်းတာခြင်းနည်းပညာ ဆိုသည်မှာ တရားဝင်ထိန်းချုပ်ရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့နှင့် သက်ဆိုင်သော သင့်တင့်လျောက်ပတ်သည့် အရည်အသွေးနှင့် ယုံကြည်စိတ်ချရသော တိုင်းတာမှုများကို ပြည့်စုံတိကျစေ ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ၊ ဥပဒေပြုရေး ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအစီအစဉ်တစ်ရပ်လုံးကို ဆိုသည်။

(ဏ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် အမျိုးသားစံချိန်စံညွှန်းကောင်စီကို ဆိုသည်။

(တ) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီကိုဆိုသည်။

(ထ) ဦးစီးဌာန ဆိုသည်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ် များဆောင်ရွက်ရန် တာဝန်ပေးသော ဦးစီးဌာနကိုဆိုသည်။