• +95-67(3)408505
  • mmcc.office@commerce.gov.mm
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၇) ကော်မတီ၏ အရေးယူပိုင်ခွင့်

၁၉။ အရည်အသွေးထောက်ခံချက်ရရှိသူက သက်ဆိုင်ရာ ထောက်ခံချက်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီသည် အောက်ပါ အရေးယူမှုတစ်ရပ်ရပ်ကို ဆုံးဖြတ် ဆောင်ရွက်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) အရည်အသွေးထောက်ခံချက်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဂ) အရည်အသွေးထောက်ခံချက်ကို ပယ်ဖျက်ခြင်း။

၂၀။ အသိအမှတ်ပြုလွှာရရှိသူက သက်ဆိုင်ရာ အသိအမှတ်ပြုလွှာပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီသည် အောက်ပါအရေးယူမှုတစ်ရပ်ရပ်ကို ဆုံးဖြတ် ဆောင်ရွက်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) အသိအမှတ်ပြုလွှာကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဂ) အသိအမှတ်ပြုလွှာကို ပယ်ဖျက်ခြင်း။