• +95-67(3)408505
  • mmcc.office@commerce.gov.mm
စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၇) စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းခြင်း

၁၇။ (က) ကော်မရှင်သည် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်ကို ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ် ပေးနိုင်ရန် အောက်ပါစားသုံးသူရေးရာကော်မတီများကို သတ်မှတ်ချက်များနှင့်အညီ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊

(၂) ပြည်ထောင်စုနယ်မြေစားသုံးသူရေးရာကော်မတီ။

(ခ) ပုဒ်မခွဲ(က)ပါ စားသုံးသူရေးရာကော်မတီများဖွဲ့စည်းရာတွင် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်ဦးရေ ငါးဦးမှ ကိုးဦးအထိ “မ”ဂဏန်းဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။