• +95-67(3)408505
  • mmcc.office@commerce.gov.mm
စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး

၂၄။ စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ ၂၃ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ စားသုံးသူသည် အောက်ပါအချက်တစ်ရပ်ရပ်ကို တောင်းဆိုပိုင်ခွင့်ရှိသည်-

(က) အာမခံချက်ပေးထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ပေးရန် သို့မဟုတ်

(ခ) အပိုပစ္စည်းမရရှိနိုင်လျှင် ထုတ်လုပ်သူထံမှ ကုန်စည်တန်ဖိုး သို့မဟုတ် ဝယ်ယူသုံးစွဲသည့် ကုန်စည် သို့မဟုတ် မူလအရည်အသွေးအောက်မနိမ့်သော ကုန်စည်ကို ပြန်လည်ရရှိရန် သို့မဟုတ်

(ဂ) စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ယင်းကုန်စည် တန်ဖိုးနှင့်ညီမျှသော ကုန်စည်ကို အစားထိုးလဲလှယ်ပေးရန် သို့မဟုတ်

(ဃ) ကုန်စည်နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ဖော်ပြရန် ပျက်ကွက်မှုကြောင့် ထိခိုက်နစ်နာမှု ရှိခဲ့လျှင် ယင်းအတွက် တောင်းခံခွင့်ရှိရန်။

၂၅။ စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ ၂၃ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားပြီး ရောင်းချသည့် ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူသည် အောက်ပါတို့ကို တောင်းဆိုပိုင်ခွင့်ရှိသည်-

(က) အာမခံချက်နှင့်ညီသော အရည်အသွေးတူ ကုန်စည် ရရှိရန်၊

(ခ) ရောင်းချသူမှ ငွေပြန်ပေးရန်၊ ပြင်ဆင်ပေးရန် သို့မဟုတ် ပြန်လည်လဲလှယ်ပေးရန်၊

(ဂ) အာမခံချက်ထားသည့်အတိုင်း အမှန်တကယ်မရရှိပါက လျော်ကြေးရရှိရန်။