• +95-67(3)408505
  • mmcc.office@commerce.gov.mm
စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၂၁) အယူခံဝင်ခြင်း

၅၅။ ပုဒ်မ ၅၂ အရ ဦးစီးမှူးရုံးက ချမှတ်သည့် အမိန့်ကို မကျေနပ်သူသည် သက်ဆိုင်ရာကော်မတီသို့ လည်းကောင်း၊ ပုဒ်မ ၅၃ အရ ကော်မတီက ချမှတ်သည့်အမိန့် သို့မဟုတ် ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) အရ ချမှတ်သည့်အမိန့်ကို မကျေနပ်သူသည် ကော်မရှင်သို့လည်းကောင်း အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အသီးသီးအယူခံဝင်ရောက်နိုင်သည်။

၅၆။ (က) ကော်မတီသည် ပုဒ်မ ၅၅ အရ အယူခံမှုတွင် သက်ဆိုင်ရာဦးစီးမှူးရုံးက ချမှတ်ထားသော အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

(ခ) ကော်မရှင်သည် ကော်မတီက ပုဒ်မ ၅၃ အရ ချမှတ်သော အမိန့်ကိုလည်းကောင်း၊ ပုဒ်မခွဲ (က) အရ ချမှတ်သော ဆုံးဖြတ်ချက်ကိုလည်းကောင်း အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ကော်မရှင်၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။