• +95-67(3)408505
  • mmcc.office@commerce.gov.mm
ပို့ကုန် သွင်းကုန်ဥပဒေ
Download : Myanmar / English
အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပို့ကုန် သွင်းကုန်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) တင်ပို့ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မ ဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်းကို ဆိုသည်။

(ဂ) တင်သွင်းခြင်း ဆိုသည်မှာ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မ ဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော် အတွင်းသို့ တင်သွင်းခြင်းကို ဆိုသည်။

(ဃ) ပို့ကုန်သွင်းကုန် ဆိုသည်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့သည့် သို့မဟုတ် နိုင်ငံတော်အတွင်းသို့ တင်သွင်းသည့် ကုန်ပစ္စည်း သို့မဟုတ် နည်းပညာတစ်ရပ်ရပ်ကို ဆိုသည်။

(င)  ခွင့်ပြုချက် ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုခုကို တင်ပို့ရန်ဖြစ်စေ၊ တင်သွင်းရန်ဖြစ်စေ ဝန်ကြီးဌာနက ထုတ်ပေးသည့် ခွင့်ပြုချက်ကို ဆိုသည်။

(စ) ကုန်သွယ်ရေးစခန်း ဆိုသည်မှာ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များကို တရားဝင်ဆောင်ရွက်နိုင် ရန် သတ်မှတ်ထားသော ပြည်တွင်းသို့မဟုတ် ပြည်ပရှိ နေရာဒေသ၊ စခန်း၊ ရုံး သို့မဟုတ် အခြားနေရာ တစ်ခုခုကို ဆိုသည်။

(ဆ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကို ဆိုသည်။

(ဇ) ဝန်ကြီး ဆိုသည်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။