၁။ ဤဥပဒေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေ ဟုခေါ် တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရ မည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။
(ခ) နိုင်ငံသား ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း နိုင်ငံသားဖြစ်သူကို ဆိုသည်။
(ဂ) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာ ဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်နိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဆိုသည်။
(ဃ) ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ လုံခြုံမှုကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦး၏ နေအိမ်အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့်အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှု တို့ပါဝင်သည်။
(င) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။
(စ) တာဝန်ရှိသူ ဆိုသည်မှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာ ဝန်ရှိသူများကို ဆိုသည်။