၁၀။ တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူ မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။
၁၁။ မည်သူမဆို ပုဒ်မ ၉ ပါတာဝန်ကိုဆောင်ရွက်ရန် အကြောင်းမဲ့ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။
၁၂။ မည်သူမဆိုဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ တာဝန်ပေးခြင်း၊ ခိုင်းစေ ခြင်း၊ ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်းပြုလျှင် ထိုသူအား ယင်း ပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။