• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၃) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်

၅။ အောက်ဖော်ပြပါ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ခွင့်ပြုချက်နှင့် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်-

(က) ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း၊

(ခ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း၊

(ဂ) အသုံးချဝန်ဆောင်မှုလုပ်ငန်း။

၆။ ဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်အတွက် ရွေးချယ်ခြင်း ဆိုင်ရာမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများကို အများသိရှိစေရန် ထုတ်ပြန်ကြေညာပေးရ မည်။

၇။ ဦးစီးဌာနသည် ပုဒ်မ ၅ အရ လျှောက်ထားချက်ကို ပုဒ်မ ၆ အရ စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

၈။ ဝန်ကြီးဌာနသည်-

(က) ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်တွင်းမှ လျှောက်ထားချက်ဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သောလုပ်ငန်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူ၍ သော်လည်းကောင်း၊ ထိုသို့ သဘောတူညီချက်ရ ယူရန် မလိုအပ်သော လုပ်ငန်းအတွက် ဝန်ကြီးဌာန၏ အဆုံးအဖြတ်ဖြင့်သော်လည်းကောင်း ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ရန် ခွင့်ပြုနိုင်သည်။

(ခ) ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်ပမှ လျှောက်ထားချက်ဖြစ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက် ရယူ၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ရန် ခွင့်ပြု နိုင်သည်။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ရန် ခွင့်ပြုသည့် အခါ လုပ်ငန်းလိုင်စင်၏သက်တမ်းကို တစ်ကြိမ်လျှင် အနည်းဆုံးငါးနှစ်မှ အများဆုံးအနှစ် ၂၀ အထိ လုပ်ကိုင်ရန် ခွင့်ပြုသည့် လုပ်ငန်းလိုင်စင်ထုတ်ပေးရေးအတွက် ဦးစီးဌာနသို့ ညွှန်ကြားရမည်။

(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ရရှိသူသည် အပြည် ပြည်ဆိုင်ရာ ဆက်သွယ်ခေါ်ဆိုမှု၊ ချိတ်ဆက်မှုတို့အတွက် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက် လုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားလာပါလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ရယူပြီး ယင်းလုပ်ငန်းအတွက် သီးခြားသတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြု နိုင်သည်။

(င) လုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးရန် လျှောက်ထားချက်ကို ဦးစီးဌာနက စိစစ်တင်ပြလာလျှင် သက်တမ်းတိုးရန် ခွင့်ပြုပေးနိုင်သည်။

၉။ ဦးစီးဌာနသည် ပုဒ်မ ၈ ပုဒ်မခွဲ (ဂ) အရ ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့်ရရှိသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်း များအား သက်ဆိုင်ရာလုပ်ငန်းအလိုက် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ထုတ်ပေးရ မည်။

၁၀။ လုပ်ငန်းလိုင်စင်ရရှိသူသည် ဥပဒေနှင့်အညီ ပြည်တွင်း၊ ပြည်ပ၊ ပုဂ္ဂိုလ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

၁၁။ လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းလိုင်စင်ရရှိထားသည့် အခြားသူတစ်ဦးဦးနှင့် အောက်ပါကိစ္စ ရပ်များအတွက် သဘောတူစာချုပ် ချုပ်ဆို၍ ဆောင်ရွက်နိုင်သည်-

(က) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအချင်းချင်း ဤဥပဒေ အခန်း (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်း၊

(ခ) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို ခွဲဝေအသုံးပြုခြင်း၊

(ဂ) လုပ်ငန်းလိုင်စင်တွင် သီးခြားဖော်ပြသတ်မှတ်ထားသည့် အခြားကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၁၂။ (က) လုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင်လိုပါက သက်တမ်းတိုးမြှင့်ပေးရန် လိုင်စင်သက်တမ်းမကုန်ဆုံးမီ သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(ခ) ဦးစီးဌာနသည် လျှောက်ထားချက်ကိုစိစစ်ပြီး ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် လုပ်ငန်းလိုင်စင် သက်တမ်းကို တိုးမြှင့်ပေးနိုင်သည်။