• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၄) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်

၁၃။ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရယူ ပြီးမှသာ အသုံးပြုရန် ဝန်ကြီးဌာနက သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လက်ဝယ် ထားရှိလိုလျှင်ဖြစ်စေ၊ အသုံးပြုလိုလျှင်ဖြစ်စေ လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။ သို့ရာတွင် အောက်ပါတို့အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင် လျှောက် ထားရန်မလို-

(က) လုပ်ငန်းလိုင်စင်ရရှိသူက မိမိအသုံးပြုရန်ဝယ်ယူရင်းနှီးထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း၊

(ခ) လုပ်ငန်းလိုင်စင်ရရှိသူထံမှ ရယူထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း။

၁၄။ ဦးစီးဌာနသည်-

(က) ပုဒ်မ ၁၃ အရ သက်ဆိုင်ရာဆက်သွယ်ရေးပစ္စည်းအတွက် လိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ) လိုင်စင်ထုတ်ပေးရာတွင် စည်းကမ်းချက်များနှင့် လိုင်စင်သက်တမ်းကို တစ်ပါတည်း သတ်မှတ်ပေး ရမည်။