• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၉) အသုံးပြုသူကို အကာအကွယ်ပေးခြင်း

၂၉။ (က) လုပ်ငန်းလိုင်စင်ရရှိသူသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့်စပ်လျဉ်း၍ ဆောင် ရွက်ဆဲဝန်ဆောင်မှုအတွက်ဖြစ်စေ၊ ဆောင်ရွက်မည့် ဝန်ဆောင်မှုအသစ်အတွက် ဖြစ်စေ အဆိုပြုသည့် ဝန်ဆောင်ခနှုန်းထားကို ဦးစီးဌာနသို့ တင်ပြရမည်။

(ခ) ဦးစီးဌာနသည် အဆိုပြုတင်ပြသည့် ဝန်ဆောင်ခနှုန်းထားများကို စိစစ်ပြီး ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးရမည်။

၃၀။ လုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) ခွင့်ပြုပေးထားသော ဝန်ဆောင်ခနှုန်းထားနှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများ ကို ဆောင်ရွက်ပေးရမည်။

(ခ) ခွင့်ပြုပေးထားသော ဝန်ဆောင်ခနှုန်းထားကို ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်လိုပါက ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမည်။

၃၁။ (က) ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်း များကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

(ခ) လုပ်ငန်းလိုင်စင်ရရှိသူသည် အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။