• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၀) ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်း

၃၂။ ဦးစီးဌာနသည် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်းတို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် လိုအပ် သော စည်းကမ်းချက်များကို သတ်မှတ်ရမည်။

၃၃။ လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းလိုင်စင်ရရှိသော အခြားသူတစ်ဦးအား ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်အတွက် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ရက်အထောက်အကူ ပြုပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းတို့ ပြုလုပ်နိုင်ရန် တောင်းဆို လာလျှင် ယင်းတို့အချင်းချင်း သဘောတူညီချက်နှင့် ဦးစီးဌာန၏အတည်ပြုချက်တို့ဖြင့် ဆောင်ရွက်နိုင် သည်။

၃၄။ လုပ်ငန်းလိုင်စင်ရရှိသူအချင်းချင်းက မိမိ၏ကွန်ရက်အတွင်း ဝင်ရောက်ချိတ်ဆက် အသုံးပြုခွင့် ပြုရာ၌-

(က) သာတူညီမျှမှုရှိစေပြီး ခွဲခြားနှိမ့်ချမှုမရှိစေရ၊ ကွန်ရက်အတွင်းရှိ မူလဝန်ဆောင်မှုအရည်အသွေး စံချိန်စံညွှန်းအောက် နိမ့်ကျမှုမရှိစေရ။

(ခ) အရည်အသွေးစံချိန်စံညွှန်းတို့ကို လိုအပ်ချက်အရ ဦးစီးဌာနက စစ်ဆေးလျှင် စစ်ဆေးမှုကို ခံယူ ရမည်။