• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၁) ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း

၃၅။ လုပ်ငန်းလိုင်စင်ရရှိသူသည် ဆက်သွယ်ရေးဈေးကွက်အတွင်း လွတ်လပ်စွာပြိုင်ဆိုင်မှု သဘော သဘာဝကို ပျက်ပြားစေသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမျှ လုပ်ဆောင်ခြင်းမပြုရ။

၃၆။ လုပ်ငန်းလိုင်စင်ရရှိသူသည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာန သို့မဟုတ် အဖွဲ့အစည်းတို့နှင့် နားလည်မှုရယူဆောင်ရွက်ခြင်း၊ သဘောတူညီမှုရယူခြင်း၊ အစီအစဉ်များပြုလုပ်ခြင်း သို့မဟုတ် စာချုပ်ချုပ်ဆိုခြင်းများ မပြုလုပ်ရ-

(က) မိမိဆန္ဒအတိုင်း နှုန်းထားပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်ခြင်း၊

(ခ) ပြိုင်ဆိုင်မှုကို လျော့နည်းစေရန်ရည်ရွယ်ချက်ဖြင့် ဈေးကွက်အား ခွဲဝေရယူရန် ဆောင်ရွက်ခြင်း၊

(ဂ) ဆက်သွယ်ရေးပစ္စည်းထောက်ပံ့သူ၊ ရောင်းချသူတစ်ဦးဦးထံမှ ဝယ်ယူခြင်းမပြုရန် ဆောင်ရွက်ခြင်း၊

(ဃ) မိမိပြိုင်ဘက်တစ်ဦးဦးအား မတရားသောနည်းလမ်းဖြင့် ဆန့်ကျင်မှုပြုခြင်း။

၃၇။ လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိထံမှသော်လည်းကောင်း၊ အခြားသူတစ်ဦးထံမှသော်လည်းကောင်း ဆက်သွယ်ရေးပစ္စည်း သို့မဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုကိုသာ ရယူသုံးစွဲရေးအတွက် အသုံးပြုသူ အား ချုပ်ချယ်ကန့်သတ်ခြင်းမပြုရ။

၃၈။ ဦးစီးဌာနသည် ပုဒ်မ ၃၅၊ ပုဒ်မ ၃၆၊ ပုဒ်မ ၃၇တို့တွင် တားမြစ်ထားသော ဆက်သွယ်ရေးဈေးကွက် အတွင်း ပြိုင်ဆိုင်မှုကို ဟန့်တားသည့် လုပ်ဆောင်မှုများဖြစ်ပေါ်လာပါက ဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ရယူကာ လုပ်ငန်းလိုင်စင်ရရှိသူကို ယင်းလုပ်ဆောင်မှုများကို ရပ်စဲရန် ညွှန်ကြားနိုင်သည်။