• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၆) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၅၇။ ဦးစီးဌာနသည် လိုင်စင်ရရှိသူက လိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ အခန်း (၅) ပါ တာဝန်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ပုဒ်မ ၃၈ အရ ညွှန်ကြားချက်ကိုဖြစ်စေ၊ ပုဒ်မ ၅၁ အရ ဦးစီးဌာန၏ စေ့စပ်ညှိနှိုင်းဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပုဒ်မ ၅၂ ပုဒ်မခွဲ (ခ) အရ ဝန်ကြီးဌာန၏ ဆုံးဖြတ် ချက်ကို ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူအား အောက်ပါ စီမံ ခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဂ) လိုင်စင်ကို ပယ်ဖျက်ခြင်း။

၅၈။ (က) ဦးစီးဌာနက ပုဒ်မ ၅၇ အရချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ရပ်ကို မကျေနပ်သူ သည် ယင်းအမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အယူခံခြင်းအပေါ် ဝန်ကြီးဌာနသည်-

(၁) လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

(၂) ဦးစီးဌာန၏အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။