• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၈) ပြစ်မှုနှင့်ပြစ်ဒဏ်များ

၆၅။ မည်သူမဆို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၆။ မည်သူမဆိုအောက်ပါပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မခွဲ (ဃ) ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲ ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ခ) ဆက်သွယ်ရေးကွန်ရက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်စေခြင်း၊

(ဂ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း၊

(ဃ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။

၆၇။ မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန်သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ် စေ ချမှတ်ရမည်။

၆၈။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်-

(က) မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူ ခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊

(ခ) သတင်းအချက်အလက်ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း ကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

(ဂ) ဦးစီးဌာန၏သဘောတူညီချက်ဖြင့် တားမြစ်ထားသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့်နေရာအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊

(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းလိုင်စင် ရရှိသူက တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ဝတ္တရားထမ်းဆောင်မှုကို တားမြစ် ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း။

၆၉။ မည်သူမဆို ဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းကိစ္စနှင့် တရားရုံးအမိန့်အရ ထုတ် ဖော်ပြသရန် ခွင့်ပြုထားသည့်ကိစ္စများမှအပ ယုံကြည်စိတ်ချရသောစနစ်ဖြင့်ဖြစ်စေ၊ လျှို့ဝှက်စနစ်ဖြင့် ဖြစ်စေထားရှိသော သတင်းအချက်အလက်ကို ယင်းတို့နှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားသူ တစ်ဦးဦးသို့ တစ်နည်းနည်းဖြင့် ထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်​စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၇၀။ လိုင်စင်ရရှိသူ မည်သူမဆို သတ်မှတ်ထားသော နည်းပညာဆိုင်ရာစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိ သော ကွန်ရက်အထောက်အကူပြုပစ္စည်းကိုဖြစ်စေ၊ ဆက်သွယ်ရေးပစ္စည်းကိုဖြစ်စေ အသုံးပြုကြောင်း၊ လက်ဝယ်ထားရှိကြောင်း၊ ဖြည့်ဆည်းပေးကြောင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

၇၁။ မည်သူမဆို ဤဥပဒေအရ ဦးစီးဌာနကသော်လည်းကောင်း၊ ဦးစီးဌာနက ဖွဲ့စည်းသော စစ်ဆေး ရေးအဖွဲ့ကသော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ဝတ္တရားဆောင်ရွက်ခြင်းကို ဟန့်တား ခြင်း သို့မဟုတ် တားဆီးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းပြုလျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၇၂။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာ စာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၇၃။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာ တွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်း ထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။