၄။ ဤဥပဒေ၏ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများကို လျှော့ချစေရန်လည်းကောင်း လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ ဥပဒေရေးရာ အကြံဉာဏ် ပေးခြင်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်း၊
(ခ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ပြည်တွင်းစျေးကွက်တွင် သာမက ပြည်ပစျေး ကွက်များတွင်ပါ နိုင်ငံတကာ စံချိန်စံညွှန်းမီ အရည်အသွေးရှိသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်မြင့်မားရေးနှင့် စျေးကွက်ရရှိရေးတို့ကို ဆောင်ရွက်ပေးခြင်း၊
(ဂ) မှတ်ပုံမတင်ရသေးသော အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံ တင်နိုင်ရေးအတွက် တိုက်တွန်းအားပေးခြင်း၊
(ဃ) အသစ်စတည်မည့် သို့မဟုတ် လက်ရှိဆောင်ရွက်လျက်ရှိသော အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို သတင်းအချက်အလက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီး ရရှိစေရန် အထောက်အကူပေးခြင်း၊
(င) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဝန်းကျင်တို့အား ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြင့် သယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ် တိုးတက်ရရှိစေရေးအတွက် စီမံဆောင်ရွက်စေခြင်း၊
(စ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းရှင်များကို ဆန်းသစ်တီထွင်သည့် ကုန်စည်များ ထုတ်လုပ် ရေးနှင့် ဝန်ဆောင်မှုများ တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု စွမ်းရည်တိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဖြန့်ဝေမှုတို့တွင် ခေတ်မီနည်းပညာနှင့် အထောက်အကူပြု ပစ္စည်းများကို လိုက်လျောညီထွေ အသုံးပြုရေးတို့ အတွက် အားပေးတိုက်တွန်းခြင်း၊
(ဆ) အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူသားအရင်းအမြစ် တိုးတက်ရေးကို အားပေးခြင်းနှင့် လုပ်ငန်း ခွင်သင်တန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ခြင်း၊
(ဇ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်း။