၉။ လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းရမည်။ ဗဟိုကော်မတီက တာဝန်ပေး အပ်သည့် အဖွဲ့ဝင်တစ်ဦးက အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရမည်။
၁၀။ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ပကတိအခြေအနေ၊ လိုအပ်ချက်များနှင့် အခက်အခဲ များကို လေ့လာ သုံးသပ်ခြင်း၊
(ခ) အေဂျင်စီနှင့် အေဂျင်စီရုံးခွဲများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို သုံးသပ်ခြင်း၊
(ဂ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ သင်တန်းကျောင်းများ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို သုံးသပ်ခြင်း၊
(ဃ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ပတ်ဝန်း ကျင်ဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်သုံးသပ်ခြင်း၊
(င) ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ဆန်းစစ်သုံးသပ်၍ မိမိနိုင်ငံရှိ အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် သုံးသပ် ခြင်း၊
(စ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ၊ နိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးတွင် ပါဝင်မှု၊ ပြည်ပသို့ တင်ပို့မှုနှင့် ပြည်ပမှ တင်သွင်းမှုများအပေါ် သုံးသပ်ခြင်း၊
(ဆ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် အနိမ့်ဆုံးရရှိသည့် လုပ်ခလစာ၊ လုပ်ငန်းအမျိုးအစားအလိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် ထွက်ကုန်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ် အကိုင်ရရှိမှုများကို စိစစ်သုံးသပ်ခြင်း၊
(ဇ) လုပ်ငန်းသုံးသပ်ချက်များနှင့် သက်ဆိုင်သည့် အစီရင်ခံစာများကို လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟို ကော်မတီသို့ တင်သွင်းခြင်း နှင့် အများပြည်သူသို့ အခါအားလျော်စွာ ထုတ်ပြန်ကြေညာခြင်း။