• +95-67(3)408505
  • mmcc.office@commerce.gov.mm
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၉) လုပ်ငန်းဆောင်ရွက်သူ၏တာဝန်နှင့် အခွင့်အရေးများ

၁၈။ လုပ်ငန်းဆောင်ရွက်သူ၏ တာဝန်နှင့် အခွင့်အရေးများမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ဤဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ခြင်း၊

(ခ) စီးပွားရေး သို့မဟုတ် လူမှုပတ်ဝန်းကျင် ပြောင်းလဲ ဖြစ်ပေါ်မှုများကို တုံ့ပြန်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် စီမံခန့်ခွဲမှုပုံစံနှင့် တိုးတက်သော နည်းပညာများကို လွပ်လပ်စွာ ပြောင်းလဲဆောင်ရွက်ခြင်း၊

(ဂ) ဤဥပဒေအရ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအဖြစ် အကျုံးဝင်သည့် မတည်ရင်းနှီးငွေ၊ လုပ်သားဦးရေနှင့် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် မကိုက်ညီသည့်အခါ လုပ်ငန်းဆောင်ရွက်သူက အေဂျင်စီသို့ သတင်းပေးပို့ တင်ပြခြင်း၊ ခွင့်ပြုကာလအတွင်းပြောင်းလဲ မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်လက်မှတ်ကို ပြန်လည်အပ်နှံခြင်း၊

(ဃ) မိမိလုပ်ငန်း၏ စာရင်းဇယားမှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ပြုစုထိန်းသိမ်းထားရှိခြင်း၊ လိုအပ်ချက်နှင့်အညီ စစ်ဆေးမှုကို ခံယူခြင်း၊

(င) နစ်နာမှုများနှင့် စပ်လျဉ်း၍ အေဂျင်စီ ရုံးခွဲမှတစ်ဆင့် အေဂျင်စီသို့ တင်ပြခွင့်ရှိခြင်း၊

(စ) စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အကျိုးရှိရှိ ထိရောက်စွာ အသုံးချရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းထုတ်လုပ်မှုနှင့် စက်ကိရိယာများ အသုံးပြုရေးတို့အတွက် အစိုးရနှင့် အစိုးရမဟုတ်သော နည်းပညာဆိုင်ရာ သုတေသနဌာနများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် အေဂျင်စီမှ တစ်ဆင့် ချိတ်ဆက်ဆောင်ရွက် နိုင်ခြင်း၊

(ဆ) ပြည်တွင်းပြည်ပမှ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲများသို့ အေဂျင်စီ၏ အစီအစဉ်ဖြင့် တက်ရောက်နိုင်ခြင်း၊

(ဇ) အစိုးရဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ထောက်ပံ့သည့်ငွေကြေးနှင့် အခြားဝန်ဆောင်မှုများ ရရှိရန် အေဂျင်စီမှတစ်ဆင့် လျှောက်ထားနိုင်ခြင်း၊

(ဈ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံချက်များအလိုက် ချေးငွေရယူ ဆောင်ရွက်နိုင်ရန် အေဂျင်စီသို့ လျှောက်ထားနိုင်ခြင်း၊

(ည) ပြည်တွင်းပြည်ပ စီးပွားရေးကွန်ရက်များတွင် အေဂျင်စီ၏ အစီအစဉ်ဖြင့် ပါဝင်နိုင်ခြင်း။