• +95-67(3)408505
  • mmcc.office@commerce.gov.mm
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၁) တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်

၂၂။ သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်ကို ဆောင်ရွက်နိုင်စွမ်းရှိသော ဝန်ထမ်းများအား လုပ်ပိုင်ခွင့် အခွင့်အာဏာများ ပေးအပ်၍ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသော အဖွဲ့များတွင် ပူးတွဲတာဝန်ပေးရမည်။

၂၃။ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ထမ်း များသည် အေဂျင်စီ ရုံးခွဲများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။