၂၄။ အေဂျင်စီသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် သတင်းအချက် အလက်များကို ကောက်ယူခြင်း၊ မှတ်တမ်းတင်ထားရှိခြင်း၊ လိုအပ်ချက်နှင့်အညီ အသုံးပြုခြင်းတို့ကို ဆောင်ရွက် နိုင်ရန် အောက်ပါတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းစီစဉ် ဆောင်ရွက်ရမည်-
(က) စျေးကွက်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို ကွန်ယက်စနစ်များဖြင့် ပံ့ပိုးပေးခြင်း၊ သတင်းမီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ပေးခြင်း၊
(ခ) ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်ဆိုင်ရာ အကြံပေးဌာနများ ထူထောင်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်း ဆောင်ရွက် ခြင်း၊
(ဂ) ပြည်တွင်းပြည်ပဝယ်ယူသူနှင့် ရောင်းချသူများအတွက် အွန်လိုင်းကုန်သွယ်မှု စနစ်ဖွံ့ဖြိုးစေရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။