• +95-67(3)408505
  • mmcc.office@commerce.gov.mm
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၃) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် နည်းပညာအထောက်အပံ့ပေးခြင်း

၂၅။ အေဂျင်စီသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်မှု မြှင့်တင်နိုင်ရေး တို့အတွက် အောက်ပါတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းစီစဉ် ဆောင်ရွက်ရမည်-

(က) သင့်လျော်သည့် နည်းပညာများကို ရှာဖွေဖော်ထုတ် လွှဲပြောင်းပေးခြင်း၊

(ခ) ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာအကြံဉာဏ်များပေးခြင်းနှင့်  ခေတ်မီစက်ကိရိယာများကို အသုံးပြုနိုင် စေရန် လေ့ကျင့်ပညာပေးခြင်း၊

(ဂ) ထုတ်ကုန်များ၏ အရည်အသွေးကို စစ်ဆေးပေးမည့်ဓာတ်ခွဲခန်းများ တည်ထောင်မှုကို အားပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဃ) ပြည်တွင်းပြည်ပဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအကြား နည်းပညာ ပူးပေါင်း ဖလှယ်ခြင်း၊

(င) တီထွင်ဖန်တီးမှုစွမ်းရည် မြှင့်တင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်အလိုက် ထိုက်တန်သော ချီးမြှောက်မှုများ စီစဉ်ပေးခြင်း၊

(စ) သုတေသနလုပ်ငန်းများမှ ရရှိလာသည့် နည်းပညာသစ်များကို ရှေ့ပြေးအဆင့်မှ စီးပွားဖြစ် ထုတ်လုပ်နိုင် ရေးအတွက် အထောက် အပံ့များပေးခြင်း၊

(ဆ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များတွင် ပံ့ပိုးကူညီဆောင်ရွက် ခြင်း။