• +95-67(3)408505
  • mmcc.office@commerce.gov.mm
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၆) စွန့်ဦးတီထွင်မှုနှင့် လုပ်ငန်းသစ်စတင်မှုကို ပံ့ပိုးဆောင်ရွက်ခြင်း

၂၈။ အေဂျင်စီသည် လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ စွန့်ဦးတီထွင်မှုပြုသော လုပ်ငန်းရှင်များအနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် အောက်ပါတို့ကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်း စီစဉ် ဆောင်ရွက်ရမည်-

(က) အခွန်လျော့ပေါ့ကောက်ခံခြင်း၊

(ခ) စက်ရုံများတည်ထောင်ရန် မြေ သို့မဟုတ် လုပ်ငန်းနေရာကို သက်သာသည့် နှုန်းထားဖြင့် ငှားရမ်းခြင်း၊

(ဂ) လုပ်ငန်းထူထောင်ရေး အတိုင်ပင်ခံဝန်ဆောင်မှု လုပ်ငန်းများ တည်ထောင်ဆောင်ရွက်ခြင်းနှင့် အခက်အခဲ များကို အကြံပြုဖြေရှင်းခြင်း၊

(ဃ) အကျိုးတူ ကုန်ထုတ်လုပ်ငန်းများ ဖွဲ့စည်းတည်ထောင်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။