၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အမှတ်တံဆိပ်ကို အကာအကွယ်ပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊
(ခ) အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်၊
(ဂ) အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာမှုကို ဟန့်တားနိုင်ခြင်းအားဖြင့် မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု စနစ်ကို တည်ဆောက်ရန်နှင့် အများပြည်သူ အတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ရန်၊
(ဃ) ဒေသဆိုင်ရာ အညွှန်းကို အကာအကွယ်ပေးခြင်းဖြင့် နိုင်ငံတော်မှ ထွက်ရှိသော ဒေသထုတ်ကုန် များ၏ အရည်အသွေးများကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာ ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်နိုင် ခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်။