• +95-67(3)408505
  • mmcc.office@commerce.gov.mm
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၀) ဦးစားပေးအခွင့်အရေး

၃၁။ ပါရီကွန်ဗင်းရှင်း သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခဲ့သူ သို့မဟုတ် ထိုလျှောက်ထားသူ၏ လွှဲပြောင်းပေးခြင်းခံရသူသည် ပြည်ပတွင် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်၌ ပါဝင်သည့် ထပ်တူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့် တူညီသော အမှတ်တံဆိပ်ကို ပထမလျှောက်ထားသည့်နေ့မှ ခြောက်လအတွင်း ဦးစီးဌာနသို့ အမှတ်တံဆိပ် မှတ်ပုံတင်ရန် လျှောက်ထားလျှင် အဆိုပါ စတင်လျှောက်ထားသည့်နေ့ကို လျှောက်ထားသည့်နေ့အဖြစ် ဦးစားပေးအခွင့်အရေး ခံစားရမည်။

၃၂။ ပါရီကွန်ဗင်းရှင်း သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် သက်ဆိုင်ရာနိုင်ငံ အစိုးရက ကြီးမှူးကျင်းပသော သို့မဟုတ် အသိအမှတ်ပြုသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ ခင်းကျင်းပြသခဲ့သည့် အမှတ်တံဆိပ်နှင့်ထပ်တူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ စတင်ခင်းကျင်းပြသခဲ့သည့်နေ့မှ ခြောက်လအတွင်း ဦးစီးဌာနတွင် အမှတ်တံဆိပ်မှတ်ပုံတင်ရန် လျှောက်ထားလျှင် အဆိုပါ စတင်ခင်းကျင်းပြသခဲ့သည့်နေ့ကို လျှောက်ထားသည့်နေ့အဖြစ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးခံစားရမည်။

၃၃။ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးသည် ပုဒ်မ ၃၁ အရ လျှောက်ထားသည့်နေ့မှ စတင် ရရှိသည့် ဦးစားပေး အခွင့်အရေးကာလထက် မကျော်လွန်စေရ။