• +95-67(3)408505
  • mmcc.office@commerce.gov.mm
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၁၉) အယူခံခြင်း

၆၅။ (က) မှတ်ပုံတင်အရာရှိက ဤဥပဒေအရ ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အေဂျင်စီထံ အယူခံဝင်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အယူခံမှုတွင် အေဂျင်စီသည် မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် သက်သေခံအထောက်အထားများ ထပ်မံရယူရန် ညွှန်ကြားခြင်းပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ သက်သေခံအထောက်အထား ထပ်မံရယူတင်ပြလာလျှင် အေဂျင်စီသည် မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်း ပြုနိုင်သည်။

၆၆။ အေဂျင်စီက ချမှတ်သော ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက် အကြောင်းကြား စာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ဤကိစ္စအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် က စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည့် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။