၆၇။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
(က) မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သော နယ်မြေဒေသတွင် မူပိုင်ခွင့်တရားရုံးများ တည်ထောင်၍ တရားသူကြီးများကို ခန့်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရခန့်ထားသည့် တရားသူကြီးများကို မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကိုစစ်ဆေးစီရင်နိုင် ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) အရ မူပိုင်ခွင့် တရားရုံးများကို တည်ထောင်ခြင်းမပြုမီ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် သင့်လျော်သောတရားရုံးအား မူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။
(ဃ) မူပိုင်ခွင့် တရားရုံးများက ချမှတ်သော စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ်အယူခံမှု၊ ပြင်ဆင်မှုများကို စီရင်ပိုင်ခွင့်ရှိသည့် မူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။
(င) ပုဒ်မ ၆၆ အရ လျှောက်ထားချက်များကို စစ်ဆေးစီရင်ရန် သင့်လျော်သည့် မူပိုင်ခွင့်တရားရုံးသို့ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းရမည်။