• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၁) အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို မည်သူမဆို ပြည်တွင်းတွင်ဖြစ်စေ၊ မြန်မာနိုင်ငံ ၏တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားသော ရေယာဉ်၊ လေယာဉ်နှင့် စက်တပ်ယာဉ်တစ်ခုခုပေါ်တွင် ဖြစ် စေ ကျူးလွန်လျှင်လည်းကောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံတော်တွင် အမြဲတမ်းနေထိုင်ခွင့်ရသူ က ပြည်ပတွင် ကျူးလွန်လျှင်လည်းကောင်း ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်။

၃။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

(က) ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဆို သည်။

(ခ) ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေနှင့်သက်ဆိုင်သည့် ငွေကြေးဆိုင် ရာ ကိစ္စရပ်များကို စုံစမ်းအရေးယူနိုင်ရန် ဤဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့ကိုဆိုသည်။

(ဂ) စိစစ်ရေးအဖွဲ့ ဆိုသည်မှာ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က ဖွဲ့စည်းပေးသောအဖွဲ့ကို ဆိုသည်။

(ဃ) စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဗဟိုအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်သော အဖွဲ့ကို ဆိုသည်။

(င) သတင်းပို့အဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေက သတင်းပို့ရန် သတ်မှတ်ထားသည့် ဘဏ်နှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင် ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ဗဟိုအဖွဲ့က အခါအားလျော် စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတင်းပို့ရန် သတ်မှတ်တာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့အစည်း လည်းပါဝင်သည်။

(စ) ကြီးကြပ်ရေးအာဏာပိုင် ဆိုသည်မှာ သတင်းပို့အဖွဲ့အစည်းများအနေဖြင့် ဤဥပဒေအရ သတ်မှတ် ချက်များအား လိုက်နာဆောင်ရွက်စေရေးအတွက် ကြီးကြပ်ရန် ဗဟိုအဖွဲ့က တာဝန်ပေးအပ်ခြင်းခံရသူ ကိုဆိုသည်။

(ဆ) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်း များ ဥပဒေနှင့် အခြားသက်ဆိုင်သော ဥပဒေများအရ တည်ထောင်ထားသောဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကိုဆိုသည်။ ယင်းစကားရပ်တွင် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူတစ်ဦးဦးအတွက် ဖြစ်စေ သို့မဟုတ် ၎င်း၏ကိုယ်စား အောက်ပါဆောင်ရွက်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဆောင် ရွက်မှုများကိုဖြစ်စေ စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ရေး ဘဏ် သို့မဟုတ် ဖွံ့ဖြိုးရေးဘဏ်၊ ငွေစုငွေချေးအသင်း၊ ငွေရေးကြေးရေးကုမ္ပဏီ၊ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေးကုမ္ပဏီ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ရေးကောင်တာ၊ အသေးစား ငွေ ရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်း၊ အာမခံကုမ္ပဏီနှင့် အခြားအဖွဲ့အစည်းများလည်းပါဝင်သည်-

(၁) ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ဘဏ်လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ပြည်သူများထံမှ အပ်ငွေများနှင့် ပြန် လည်ပေးအပ်ရမည့် ရန်ပုံငွေများ လက်ခံခြင်း၊

(၂) ပစ္စည်းသိမ်းဆည်းခြင်းအပါအဝင် ကူးသန်းရောင်းဝယ်ရေးဆောင်ရွက်ချက်များအတွက် ငွေကြေး ဖြည့်ဆည်းပေးခြင်း၊ စားသုံးသူချေးငွေ၊ အပေါင်ဖြင့် ချေးငွေများအပါအဝင် ငွေထုတ်ချေးခြင်း၊

(၃) စားသုံးသူဆိုင်ရာ ဆောင်ရွက်ချက်များနှင့်သက်ဆိုင်သည့် အစီအစဉ်များမှတစ်ပါး ငွေချေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာအခွင့်အရေးကို ငှားရမ်းခြင်း၊

(၄) ငွေကြေး သို့မဟုတ် တန်ဖိုးတစ်ရပ်ရပ်ကို လွှဲပြောင်းပေးခြင်း၊

(၅) အကြွေးဝယ်ကတ်နှင့် မြီစားကတ်များ၊ ခရီးသွားချက်လက်မှတ်၊ ငွေပေးအမိန့်များ၊ ဘဏ်ငွေလွှဲ လက်မှတ်၊ အီလက်ထရောနစ်နည်းလမ်းများဖြင့် ငွေပေးချေခြင်း၊ ထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်း၊

(၆) ငွေရေးကြေးရေးဆိုင်ရာ အာမခံနှင့်ကတိစာချုပ်များ ထုတ်ဝေခြင်း၊

(၇) အောက်ပါငွေရေးကြေးရေး စာချုပ်စာတမ်းများ ရောင်းဝယ်ခြင်း-

(ကက) ချက်လက်မှတ်များ၊ ငွေပေးအမိန့်လက်မှတ်များ၊ အပ်ငွေလက်မှတ်များနှင့် ဆင့်ပွားစာချုပ်စာ တမ်းများ၊ နိုင်ငံခြားသုံးငွေ၊ အတိုးနှုန်းနှင့် ဈေးနှုန်းညွှန်းကိန်းစာချုပ်စာတမ်းများ၊ လွှဲပြောင်းနိုင်သော ငွေချေးသက်သေခံလက်မှတ်များ အပါအဝင် ငွေကြေးဈေးကွက်စာချုပ်စာတမ်းများအား ရောင်းဝယ် ခြင်း၊

(ခခ) ကုန်စည်များကို အနာဂတ်ကာလအတွက် မျှော်မှန်းရောင်းဝယ်ခြင်း။

(၈) ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရာတွင် ပါဝင်ခြင်းနှင့် အဆိုပါကိစ္စရပ်များတွင် ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးခြင်း၊

(၉) ရင်းနှီးမြှုပ်နှံမှုတစ်ခုချင်းကိုဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုအားလုံးကိုဖြစ်စေ စီမံခန့်ခွဲခြင်း၊

(၁၀) အာမခံသေတ္တာများ လက်ခံထိန်းသိမ်းခြင်းနှင့် အခြားပုဂ္ဂိုလ်များကိုယ်စား ငွေကြေး သို့မဟုတ် ငွေ ဖြစ်လွယ်သော ငွေချေးသက်သေခံလက်မှတ်များ စီမံခန့်ခွဲပေးခြင်း၊

(၁၁) အခြားပုဂ္ဂိုလ်များကိုယ်စား ငွေကြေး သို့မဟုတ် ဘဏ္ဍာရန်ပုံငွေများ စီမံခန့်ခွဲခြင်း သို့မဟုတ် စီမံ အုပ်ချုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊

(၁၂) ကိုယ်စားလှယ်များနှင့် တစ်ဆင့်ကြားခံဆောင်ရွက်ပေးသူများက အာမခံလုပ်ငန်း ကြားခံဝန်ဆောင် မှုပေးခြင်း အပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်နေသည့် အာမခံလုပ်ငန်း၊ အသက်နှင့် အထွေ ထွေအာမခံလုပ်ငန်း ဆောင်ရွက်ပေးခြင်း၊

(၁၃) ငွေကြေးနှင့်ငွေများ လဲလှယ်ဆောင်ရွက်ခြင်း။

(ဇ) သဏ္ဌာန်ဆောင်ဘဏ် ဆိုသည်မှာ နိုင်ငံအတွင်း တရားဝင်စီးပွားရေးလုပ်ငန်းအဖွဲ့ တည်ထောင်ထား ပြီး လိုင်စင်ရယူထားခြင်း သို့မဟုတ် အခြေစိုက်ထားခြင်းဖြစ်သော်လည်း ရုပ်ဒြပ်အရ တည်ရှိနေခြင်း မ ရှိသည့်အပြင် ထိရောက်ခိုင်မာစွာ ကြီးကြပ်မှုခံရသော ငွေရေးကြေးရေးအုပ်စုတစ်ခုနှင့် ပေါင်းစည်းထား ခြင်းမရှိသည့် ဘဏ်ကိုဆိုသည်။

(ဈ) တစ်ဦးတစ်ယောက်သောသူ၊ သူတစ်ဦး သို့မဟုတ် ပုဂ္ဂိုလ် ဆိုရာတွင် ဥပဒေအရဖွဲ့စည်းသည်ဖြစ်စေ၊ မဖွဲ့စည်းသည်ဖြစ်စေ ကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူတစ်စုလည်းပါဝင်သည်။

(ည) အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင် ဆိုသည်မှာ မူလအဓိကပိုင်ဆိုင်သူကိုဖြစ်စေ၊ ဆက်သွယ်ဆောင်ရွက်သူ တစ်ဦးအား ထိန်းချုပ်သူကိုဖြစ်စေ သို့မဟုတ် လွှဲပြောင်းဆောင်ရွက်မှုတစ်ခုခုကို မိမိကိုယ်စား အခြားသူ တစ်ဦးက ဆောင်ရွက်စေသည့် သူတစ်ဦးကိုဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတစ်ခုခုကို ထိရောက်သောထိန်းချုပ်မှုပြုလုပ်သည့်သူတစ်ဦးလည်း ပါဝင် သည်။

(ဋ) ဆက်သွယ်ဆောင်ရွက်သူ ဆိုသည်မှာ အောက်ပါအချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သူကို ဆိုသည်-

(၁) ငွေလွှဲပြောင်းခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်း သို့မဟုတ် ကတိကဝတ်ပြုခြင်း ဆောင်ရွက်သူ၊

(၂) ငွေလွှဲခြင်း သို့မဟုတ် ငွေစာရင်းတွင် လက်မှတ်ရေးထိုးသူ၊

(၃) ငွေလွှဲရန် တာဝန်ပေးအပ်ခံရသူ၊ ငွေလွှဲပြောင်းသူ၊ ငွေလွှဲရန် အခွင့်အရေးရှိသူ သို့မဟုတ် တာဝန်ရှိ သူ၊

(၄) ငွေလွှဲပြောင်းရန် သို့မဟုတ် ငွေစာရင်းအား ထိန်းချုပ်ရန် အခွင့်အာဏာရှိသူ၊

(၅) ပုဒ်မခွဲငယ် (၁) မှ ပုဒ်မခွဲငယ် (၄) အထိပါ ကိစ္စရပ်များကို ဆောင်ရွက်ရန်အားထုတ်သူ။

(ဌ) ပြည်တွင်းပြည်ပတွင် ဩဇာတိက္ကမရှိသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု ၌ဖြစ်စေ အများပြည်သူဆိုင်ရာ လုပ်ငန်းများဖြင့် ထင်ရှားသူ သို့မဟုတ် ယင်းလုပ်ငန်းများအတွက် ယုံ ကြည်ခြင်းခံရသူကိုလည်းကောင်း၊ ယင်း၏မိသားစုဝင်များ သို့မဟုတ် ယင်းနှင့်နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သူကိုလည်းကောင်း ဆိုသည်။

(ဍ) အပြည်ပြည်ဆိုင်ရာတွင် ဩဇာတိက္ကမရှိသူများ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းများဆောင်ရွက်သည့် ဒါရိုက်တာ၊ ဒုတိယဒါရိုက်တာ၊ ဒါရိုက်တာအဖွဲ့ဝင်နှင့် အဆင့်မြင့်အဖွဲ့ဝင် ဖြစ်သူ၊ အလားတူလုပ်ငန်းများတွင် ယင်းအဆင့်နှင့်ညီမျှသော အဖွဲ့ဝင်ဖြစ်သူ သို့မဟုတ် ယင်းလုပ်ငန်း ဆောင်ရွက်ရန် ယုံကြည်ခြင်းခံရသူနှင့် ယင်း၏မိသားစုဝင်များ သို့မဟုတ် ယင်းနှင့်နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သူတို့ကို ဆိုသည်။

(ဎ) ငွေကြေးခဝါချမှု ဆိုသည်မှာ အောက်ပါအချက်တစ်ရပ်ရပ် ကျူးလွန်ခြင်းကို ဆိုသည်-

(၁) တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းဖြစ်သည်ဟု သိရှိလျက်နှင့် ဖြစ်စေ၊ သိ ရှိရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ယင်းငွေကြေး သို့မဟုတ် ပစ္စည်း၏ဇာစ်မြစ်ကို အသွင်ပြောင်းလဲရန် သို့မဟုတ် ဖုံးကွယ်ရန်သော်လည်းကောင်း၊ ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန် ရာတွင် ပါဝင်သူတစ်ဦးတစ်ယောက်အား ယင်း၏ပြစ်မှုကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေအရ အ ရေးယူခံရခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ပြစ်မှုမကျူးလွန်မီဖြစ်စေ၊ ပြစ်မှုကျူးလွန်ပြီးနောက်ဖြစ်စေ အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် ယင်းငွေကြေးနှင့်ပစ္စည်းကို ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်း ခြင်း၊

(၂) တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းဖြစ်ကြောင်း သိရှိသည့် သို့မဟုတ် သိရှိ ရန်အကြောင်းရှိသည့် ငွေကြေးနှင့်ပစ္စည်းများနှင့်စပ်လျဉ်း၍ မူလသဘာဝ၊ ဇာစ်မြစ်၊ တည်နေရာနှင့် ပင် ကိုစရိုက်လက္ခဏာတို့ကို ပြောင်းလဲမှုသော်လည်းကောင်း၊ ယင်းငွေကြေးနှင့် ပစ္စည်းတို့ကို ပိုင်ဆိုင်မှု သို့မ ဟုတ် အခွင့်အရေးတို့အား ဖုံးကွယ်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းသော်လည်းကောင်း ပြုခြင်း၊

(၃) တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းဖြစ်ကြောင်း မိမိလက်ဝယ်လက်ခံရရှိ သည့်အချိန်တွင် သိရှိသော သို့မဟုတ် သိရှိရန်အကြောင်းရှိသော ငွေကြေးနှင့် ပစ္စည်းကို ရယူခြင်း၊ လက် ဝယ်ထားခြင်း သို့မဟုတ် အသုံးပြုခြင်း၊

(၄) ပုဒ်မခွဲငယ်(၁)မှ ပုဒ်မခွဲငယ် (၃) အထိပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အား ထုတ်ခြင်း သို့မဟုတ် ကျူးလွန်ရန်အကြံဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ပျက်ကွက်မှုဖြင့် သော်လည်းကောင်း ပူးပေါင်းပါဝင်ခြင်း၊ အကူအညီပေးခြင်း၊ ပံ့ပိုးခြင်း၊ အထောက်အပံ့ ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆက် စပ်ပတ်သက်ခြင်းဆိုင်ရာပြစ်မှုကျူးလွန်ခြင်း။

(ဏ) ငွေကြေး ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့မဟုတ် ပြည်ပနိုင်ငံတစ်ခုခုက ထုတ်​ဝေထား ပြီး တရားဝင်လဲလှယ်အသုံးပြုနိုင်သည့် ငွေဒင်္ဂါး၊ ငွေအကြွေနှင့် ငွေစက္ကူများ၊ လွှဲပြောင်းနိုင်သော စာချုပ် စာတမ်းများဖြစ်သည့် ငွေပေးကတိစာချုပ်များ၊ ငွေလွှဲလက်မှတ်များ၊ ချက်လက်မှတ်များ၊ ငွေချေးစာချုပ် များ၊ ငွေတိုက်စာချုပ်များ၊ ကြွေးမြီအာမခံစာချုပ်များ၊ နိုင်ငံခြားသုံးငွေများ၊ ယင်းငွေများနှင့်ဆက်စပ် နေသော စာချုပ်စာတမ်းတစ်မျိုးမျိုး သို့မဟုတ် လက်မှတ်များကိုဆိုသည်။

(တ) ပစ္စည်း ဆိုသည်မှာ ဒြပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိတွေ့၍ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ် စေ မည်သည့်ပုံစံဖြင့်မဆို တည်ရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် ပစ္စည်းနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းအမှတ် အသား၊ အီလက်ထရောနစ်နည်းလမ်းဖြင့် ပစ္စည်းကို အသုံးချ၍ ဆောင်ရွက်ရာမှ ရရှိသည့် အကျိုးအ မြတ်၊ အခွင့်အရေး၊ အစုပေါ်အမြတ်၊ ပိုင်ဆိုင်ခွင့်နှင့် အခြားဝင်ငွေများလည်းပါဝင်သည်။

(ထ) တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ဆိုသည်မှာ ဤဥပဒေနှင့် သက် ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှဖြစ်စေ၊ ယင်းပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ခြင်းနှင့် စပ်ဆိုင် သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုမှဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း ရရှိသော ငွေကြေးနှင့်ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါ ငွေကြေးနှင့်ပစ္စည်း များကို အခြေခံ၍ ဖြစ်ထွန်းလာသော ငွေကြေး သို့မဟုတ် ပစ္စည်းများနှင့် အကျိုးအမြတ်တို့သည်လည်း ကောင်း၊ အခြားပစ္စည်းအဖြစ်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအဖြစ်ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ် ပြောင်း လဲခြင်းပြုလုပ်ထားသည့် ငွေကြေး သို့မဟုတ် ပစ္စည်းများသည်လည်းကောင်းပါဝင်သည်။

(ဒ) လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ ဆိုသည်မှာ ပိုင်ရှင်ကိုယ်စား ငွေထုတ်သည့်ပုံစံဖြင့်ဖြစ်စေ၊ ကန့်သတ်ချက်မထားရှိဘဲ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်းဖြင့်ဖြစ်စေ၊ ဖန်တီးထားသော ငွေလက် ခံသူအမည် ဖြည့်စွက်၍ဖြစ်စေ၊ လွှဲပြောင်းပေးအပ်ရန် အကျုံးဝင်သည့် အခြားပုံစံဖြင့် ဖြစ်စေ ရှိသည့် ချက်လက်မှတ်များ၊ ငွေပေးချေရန် ကတိစာချုပ်များနှင့် ငွေပေးအမိန့်များ အပါအဝင် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ ခရီးသွားချက်လက်မှတ်များကဲ့သို့ လွှဲပြောင်းနိုင်သည့် ပုံစံရှိသော ငွေရေးကြေးရေး စာချုပ်စာတမ်းများကိုဆိုသည်။ ယင်းစကားရပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း ငွေလက်ခံမည့် သူ၏အမည်မပါဝင်သည့် ချက်လက်မှတ်များ၊ ငွေပေးချေရန် ကတိစာချုပ်များ၊ ငွေပေးအမိန့်များနှင့် တစ်ပိုင်းတစ်စစာချုပ်စာတမ်းများလည်း ပါဝင်သည်။

(ဓ) အသုံးပြုပစ္စည်း ဆိုသည်မှာ ဤဥပဒေပါ ပြစ်မှုများ၊ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုကျူးလွန်ရန်အလို့ငှာ အသုံးပြုသည့် သို့မဟုတ် အသုံးပြုရန်ရည်ရွယ်သည့် ပစ္စည်း များကိုဆိုသည်။

(န) ငွေစာရင်း ဆိုသည်မှာ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်း သို့မဟုတ် ငွေရေးကြေးရေးမဟုတ် သော စီးပွားရေးလုပ်ငန်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများက ပြုလုပ်သော အောက်ပါဆောင်ရွက်ချက်တစ်ခုခုကိုဆိုသည်-

(၁) ငွေကြေး သို့မဟုတ် ပစ္စည်းများ အပ်နှံသည်ကို လက်ခံခြင်း၊

(၂) ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းခြင်းကိုသော်လည်းကောင်း၊ ဘဏ်စာရင်းမှ ထုတ်ယူခြင်းကို သော်လည်းကောင်း ခွင့်ပြုခြင်း၊

(၃) အခြားသူတစ်ဦးတစ်ယောက်ကိုယ်စား လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ ပေးအပ်ခြင်း သို့မ ဟုတ် အမိန့်ပေးခြင်း၊ ငွေပေးအမိန့်လွှာများ ထုတ်ယူခြင်း သို့မဟုတ် စုဆောင်းခြင်းအတွက် အမိန့်ပေး ခြင်းများကို ဆောင်ရွက်ခြင်း၊

(၄) အာမခံသေတ္တာ သို့မဟုတ် အခြားလုံခြုံမှုရှိသော အာမခံပုံစံများအတွက် အထောက်အကူ သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတစ်ခုခု။

(ပ) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ဆိုသည်မှာ ဆက်သွယ်ဆောင်ရွက်သူတစ် ဦးတစ်ယောက်၏ လွှဲပြောင်းဆောင်ရွက်မှုသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက် ပံ့မှုတို့နှင့်စပ်ဆိုင်မှု ရှိ မရှိ ဆက်လက်စိစစ်နိုင်ရန်အတွက် စီးပွားဆက်ဆံမှု စတင်သည့် အချိန်မှစ၍ အဆို ပါဆက်သွယ်ဆောင်ရွက်သူနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် လွှဲပြောင်းဆောင်ရွက်မှု ဆိုင်ရာ သတင်းအချက်အလက်များကို ပြည့်စုံစွာရရှိရန် စဉ်ဆက်မပြတ် အာရုံစိုက်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များသို့ ဆက်လက်သတင်းပို့ခြင်း စသည်တို့ပါဝင်သည့် လုပ်နည်းစနစ်ကို ဆို သည်။

(ဖ) ကြေးနန်းဖြင့် သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေလွှဲခြင်း ဆိုသည်မှာ သူတစ်ဦး၏ ကိုယ်စားငွေရေးကြေးရေးလုပ်ငန်းတစ်ခုမှတစ်ဆင့် အခြားငွေရေးကြေးရေးလုပ်ငန်းတစ်ခု၏ အကျိုး ခံစားခွင့်ရှိသူထံ အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းအားလုံးကို ဆိုသည်။

(ဗ)  ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာအသက်မွေးဝမ်း ကျောင်းလုပ်ငန်း ဆိုရာတွင် အောက်ပါတို့ပါဝင်သည်-

(၁) ကာဆီနိုများ၊

(၂) အိမ်ခြံမြေအကျိုးဆောင်များ၊

(၃) အဖိုးတန်သတ္တုနှင့် ကျောက်မျက်ရတနာရောင်းဝယ်သူများ၊

(၄) မိမိအမှုသည်၏ ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှုနှင့် အပ်နှံမှုများနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးသော ရှေ့နေ၊ နိုထရီပတ်ဗလစ်နှင့် စာရင်းကိုင်များ သို့ မဟုတ် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ-

(ကက) မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်းနှင့် ဝယ်ယူခြင်း၊

(ခခ) အမှုသည်၏ ငွေကြေးများ၊ ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အခြားပိုင်ဆိုင်သည့် ပစ္စည်းများအား စီမံခန့်ခွဲခြင်း၊

(ဂဂ) ဘဏ်များ၊ စုငွေများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များစာရင်းကို စီမံခန့်ခွဲခြင်း၊

(ဃဃ) ကုမ္ပဏီများ ထူထောင်မှု၊ လုပ်ငန်းလည်ပတ်မှု သို့မဟုတ် စီမံခန့်ခွဲမှုများအတွက် အထောက်အကူ ပြုဆောင်ရွက်ချက်များကို စုရုံးစီစဉ်ခြင်း၊

(ငင) တရားဝင်အသင်းအဖွဲ့များ သို့မဟုတ် အစီအစဉ်များ ထူထောင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ စီမံ ခန့်ခွဲခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဝယ်ယူခြင်းနှင့်ရောင်းချခြင်း။

(၅) အောက်ပါ ဝန်ဆောင်မှုလုပ်ငန်းများကို အခြားသူများအတွက် စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသည့် ကုမ္ပဏီများ အုပ်ထိန်းမှုအဖွဲ့နှင့် ကုမ္ပဏီဝန်ဆောင်မှုပေးသူများ-

(ကက) တရားဝင်အသင်းအဖွဲ့များ ဖွဲ့စည်းရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊

(ခခ) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးအဖြစ်သော်လည်းကောင်း၊ အစုစပ်လုပ်ကိုင် သူ သို့မဟုတ် အခြားတရားဝင်အသင်းအဖွဲ့တစ်ခု သို့မဟုတ် အစီအစဉ်တစ်ခုတွင် ယင်းအဆင့်နှင့် တူညီ သောသူအဖြစ်သော်လည်းကောင်းဆောင်ရွက်ခြင်း၊

(ဂဂ) ကုမ္ပဏီတစ်ခု သို့မဟုတ် အစုစပ်လုပ်ငန်းတစ်ခု သို့မဟုတ် အခြားသောတရားဝင်အသင်းအဖွဲ့ သို့ မဟုတ် အစီအစဉ်တစ်ခုအတွက် မှတ်ပုံတင်ရုံး သို့မဟုတ် နေရာထိုင်ခင်း သို့မဟုတ် လုပ်ငန်းလိပ်စာ သို့ မဟုတ် စာပေးစာယူ သို့မဟုတ် အုပ်ချုပ်မှုလိပ်စာတို့ကို တာဝန်ယူပေးခြင်း။

(၆) ယုံကြည်အပ်နှံမှုလုပ်ငန်းတစ်ခုတွင် ယုံကြည်အပ်နှံခံရသူအဖြစ် ဆောင်ရွက်ခြင်း သို့မဟုတ် တရား ဝင်အသင်းအဖွဲ့ အစီအစဉ်တစ်မျိုးမျိုးတွင် ယင်းလုပ်ငန်းတာဝန်မျိုးနှင့် တူညီစွာဆောင်ရွက်ခြင်း၊

(၇) သူတစ်ဦးအတွက် အမည်ခံအစုရှယ်ယာရှင်အဖြစ်ဖြင့် ဆောင်ရွက်ခြင်း သို့မဟုတ် သူတစ်ဦးအတွက် အမည်ခံအစုရှယ်ယာရှင်အဖြစ် အခြားသူတစ်ဦးဦးက ဆောင်ရွက်ပေးစေရန်စီစဉ်ခြင်း။

(ဘ) အုပ်စုလိုက်အကောင်အထည်ဖော်မှု ဆိုသည်မှာ ပင်ရင်းကုမ္ပဏီ သို့မဟုတ် အခြားသော ကုမ္ပဏီအဖွဲ့ အစည်း အမျိုးအစားတစ်ရပ်ရပ်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ မိမိ၏ရုံးခွဲများနှင့် လက်အောက်ခံ ကုမ္ပဏီများအား ကြီးကြပ်မှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကို ဆိုသည်။