• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၃) ဤဥပဒေနှင့်သက်ဆိုင်သည့်ပြစ်မှုများ

၅။ အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှရရှိသော ငွေကြေးနှင့်ပစ္စည်းများကို ငွေကြေးခဝါချမှု ပြု လုပ်ခြင်းသည် ဤဥပဒေနှင့်သက်ဆိုင်စေရမည်-

(က) ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှုများ၊

(ခ) ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု နှင့် သက်ဆိုင်သည့်ပြစ်မှုများ၊

(ဂ) ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် ထိပါးမှုနှင့် သက်ဆိုင်သည့်ပြစ်မှုများ (ဉာဏပစ္စည်းဆိုင်ရာပြစ်မှုများ)၊

(ဃ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာသည့်ပြစ်မှုများ၊

(င) အခွန်တိမ်းရှောင်မှုနှင့် အခြားအခွန်ဆိုင်ရာမှုခင်းများနှင့်သက်ဆိုင်သည့် ပြစ်မှုများ၊

(စ) ပင်လယ်ဓားပြမှုနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊

(ဆ) အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများ၊

(ဇ) သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိသိရှိသည့် သတင်းအချက်အလက်ကို အသုံးပြု၍ မိမိကိုယ်တိုင်ဖြစ်စေ၊ ယင်းသတင်းအချက်အလက်ကို သူတစ်ပါးအား ပေးအပ်၍ဖြစ်စေ တရားမဝင် အ ကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းဆိုင်ရာ ပြစ်မှုများ၊

(ဈ) နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နှင့်အထက် ပြစ်ဒဏ် ထိုက်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊

(ည) ဤဥပဒေနှင့်သက်ဆိုင်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါ အားလျော်စွာ သတ်မှတ်သည့်ပြစ်မှုများ၊

(ဋ) ပုဒ်မခွဲ (က) မှ ပုဒ်မခွဲ (ည) ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း သို့ မဟုတ် ကျူးလွန်ရန်အကြံဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ပျက်ကွက်မှု ဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်ခြင်း၊ အကူအညီပေးခြင်း၊ ပံ့ပိုးခြင်း၊ အထောက်အပံ့ပေးခြင်း၊ စီမံ ခန့်ခွဲခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆက်စပ်ပတ်သက် သည့်ပြစ်မှု။