• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၆) စိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၃။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လက်ခံရရှိ သည့်သတင်းပို့ချက်များနှင့် သတင်းအချက်အလက်များကိုလည်းကောင်း၊ ငွေကြေးခဝါချမှုနှင့် ဤဥပဒေ နှင့်သက်ဆိုင်သည့် ပြစ်မှုများဆိုင်ရာသတင်းအချက်အလက်များကိုလည်းကောင်း လက်ခံ၍ စိစစ်သုံး သပ်ပြီးနောက် တွေ့ရှိချက်များအရ ငွေကြေးခဝါချမှု သို့မဟုတ် ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ် ရပ်ရပ်ကို ကျူးလွန်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိလျှင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ ဝင်များ ပါဝင်သော စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

၁၄။ စိစစ်ရေးအဖွဲ့သည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ တရားမဝင်သော နည်း လမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ၊ အကြမ်းဖက်သမားတို့၏ ပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ စိစစ် ခြင်းနှင့် ယင်းငွေကြေးနှင့်ပစ္စည်းများအား ယာယီထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကို အောက်ပါအ တိုင်း ဆောင်ရွက်နိုင်သည်-

(က) ငွေကြေးခဝါချရာမှ ရရှိသော ငွေကြေးနှင့်ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သူတို့၏ ပိုင်ဆိုင်မှုများကို ဖော်ထုတ်ခြင်း၊ ကွင်းဆက်များရှာဖွေ ဖော်ထုတ်ခြင်း၊

(ခ) တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သူတို့၏ ပိုင်ဆိုင်မှုများကို ရှာဖွေခြင်း၊ တားဆီးခြင်း၊ ထိန်းချုပ်ခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း၊ သိမ်းဆည်းထားသော ပစ္စည်း များအား ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ်ထားရှိခြင်း၊

(ဂ) စိစစ်သည့်ကာလအတွင်း အဆိုပါငွေကြေးနှင့်ပစ္စည်းများအား ချိပ်ပိတ်ခြင်း သို့မဟုတ် အခြားနည်း ဖြင့်ရောင်းဝယ်မှုမပြုလုပ်ရန် တားမြစ်ခြင်း၊

(ဃ) သတင်းပို့အဖွဲ့အစည်းများ၏ ငွေကြေးဆိုင်ရာ သို့မဟုတ် အခြားသောမှတ်တမ်းများအား ထုတ်ပေး ရန်တောင်းဆိုခြင်းနှင့် ဖတ်ရှုခြင်း၊

(င) စိစစ်ခြင်းခံရသူထံမှဖြစ်စေ၊ အခြားပုဂ္ဂိုလ်တစ်ဦးထံမှဖြစ်စေ၊ အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ ဖြစ် စေ၊ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှဖြစ်စေ လိုအပ်သော အထောက်အထားများကို တောင်းယူစစ်ဆေးခြင်း၊

(စ) တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများမှ ဆင်းသက်လာပြီး အခြားသူ၏ အမည်ခံထားသော အဆောက်အအုံ၊ မြေနှင့် လုပ်ငန်းနေရာတစ်ခုခုကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း။

၁၅။ စိစစ်ရေးအဖွဲ့သည်-

(က) စိစစ်သည့် ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရှိရမည်။

(ခ) ဆောင်ရွက်ချက်များကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ အစီရင်ခံတင်ပြရမည်။