• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၇) စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၁၆။ ဗဟိုအဖွဲ့သည် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က တင်ပြလာသည့် စိစစ်ချက်အစီရင်ခံ စာအရ ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဗဟိုအ ဖွဲ့ဝင်တစ်ဦးဦးအား ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စေပြီး အဖွဲ့ဝင် အနည်းဆုံး သုံးဦးဖြင့် ဖွဲ့စည်းရမည်။

၁၇။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည်-

(က) စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပုဂ္ဂိုလ်များကို ဆင့်ဆိုစစ်ဆေး၍ လိုအပ် သည့် သက်သေခံချက်များ ထပ်မံရယူနိုင်သည်။

(ခ) စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာနှင့် ထပ်မံရယူသည့် သက်သေခံချက်များအရ မိမိ၏တွေ့ရှိချက်ကို သုံး သပ်ချက်၊ သဘောထားမှတ်ချက်များနှင့်အတူ ဗဟိုအဖွဲ့သို့ တင်ပြရမည်။

(ဂ) စုံစမ်းစစ်ဆေးသည့် ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရှိရမည်။