• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၈) ကြိုတင်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် သတင်းပို့ရန်တာဝန်

၁၈။ သတင်းပို့အဖွဲ့အစည်းများသည် ပုဒ်မ ၈၊ ပုဒ်မခွဲ (က) နှင့်အညီ ဗဟိုအဖွဲ့က ပေးအပ်သည့် သတင်း အချက်အလက်များအရ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်အကဲဖြတ် ခြင်းကို ဆောင်ရွက်ရမည်။ အန္တရာယ်အကဲဖြတ်ချက်များ၊ ထင်ရှားသည့် မည်သည့်သက်သေခံအထောက် အထားနှင့် သတင်းများကိုမဆို စာဖြင့် ရေးသားမှတ်တမ်းတင်ရမည်ဖြစ်ပြီး ယင်းမှတ်တမ်းသည် နောက် ဆုံးအခြေအနေနှင့် ကိုက်ညီရမည့်အပြင် သက်ဆိုင်ရာအာဏာပိုင်များက အသုံးပြုနိုင်ရေးအတွက် အ သင့်ရှိရမည်။

၁၉။ သတင်းပို့အဖွဲ့အစည်းများသည်-

(က) ဤဥပဒေမပြဋ္ဌာန်းမီက တည်ရှိခဲ့သည့် ငွေစာရင်းများ၊ ဆက်သွယ်ဆောင်ရွက်သူများနှင့်ပတ်သက် ၍ ဤဥပဒေအရ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ထုတ်ကုန်၊ ဝန်ဆောင်မှုနှင့် အန္တရာယ်ရှိမှုအပေါ် အခြေပြု၍ သင့်လျော်သည့်အချိန်တွင် ဆောင်ရွက်ရ မည်။ ပုဒ်မ ၇၊ ပုဒ်မခွဲ (ဂ) အရ အန္တရာယ်အကဲဖြတ်ခြင်းဆိုင်ရာရလဒ်များနှင့် ပုဒ်မ ၈၊ ပုဒ်မခွဲ (က) အရ ဗဟိုအဖွဲ့က ပေးအပ်သည့် သတင်းအချက်အလက်များ ရရှိပါက ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေး ထားစိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို အောက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်-

(၁) အကဲဖြတ်ချက်အရ ငွေကြေးခဝါချမှုအန္တရာယ်အဆင့် မြင့်မားသည်ဟု ဖော်ထုတ်ရရှိသည့်အခါ ယင်း အန္တရာယ်အဆင့်နှင့်အညီ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်ရမည့်အပြင် လွှဲပြောင်းဆောင်ရွက်မှု သို့မဟုတ် အခြားသောဆောင်ရွက်မှုများသည် ပုံ မှန် ဟုတ် မဟုတ်ကိုလည်းကောင်း၊ သံသယဖြစ်ဖွယ် ရှိ မရှိကိုလည်းကောင်း ဆုံးဖြတ်ခြင်း၊

(၂) အကဲဖြတ်ချက်အရ ငွေကြေးခဝါချမှုအန္တရာယ်အဆင့် နိမ့်သည်ဟု ဖော်ထုတ်ရရှိသည့်အခါ ယင်း အန္တရာယ်အဆင့်နှင့်အညီ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာဆောင်ရွက် ချက်များကို ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း၊

(၃) ပုဒ်မခွဲငယ် (၂) အရ ရှင်းလင်းလွယ်ကူသည့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ဆိုင်ရာဆောင်ရွက်ချက်များကို ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဟု သံ သယရှိသည့်အခါ၌ဖြစ်စေ၊ အန္တရာယ်အဆင့်မြင့်မားသည့်ကိစ္စရပ်၌ဖြစ်စေ အသုံးပြုခြင်းမှ ရပ်စဲခြင်း။

(ခ) ပုဒ်မခွဲ (က) ပါဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆောင်ရွက်ချက်များကို အောက်ပါ အချိန်အခါနှင့် အခြေအနေများတွင် ဆောင်ရွက်ရမည်-

(၁) ဆက်သွယ်ဆောင်ရွက်သူတစ်ဦးအတွက် လွှဲပြောင်းဆောင်ရွက်မှုတစ်ရပ်မပြုလုပ်ပေးမီ သို့မဟုတ် ငွေစာရင်းတစ်ခု ဖွင့်လှစ်ပေးခြင်းမပြုမီ၊

(၂) သတင်းပို့အဖွဲ့အစည်းနှင့် စီးပွားရေးဆက်ဆံမှု ထူထောင်ထားခြင်းမရှိသည့် ဆက်သွယ်ဆောင်ရွက် သူတစ်ဦးနှင့်ပတ်သက်သည့် လွှဲပြောင်းဆောင်ရွက်မှုသည် တစ်ကြိမ်တည်းဖြစ်စေ၊ ဆက်နွှယ်မှုရှိသော အကြိမ်အရေအတွက်များစွာဖြင့်ဖြစ်စေ သတင်းပို့ရန် သတ်မှတ်သည့်ပမာဏ သို့မဟုတ် ယင်းထက်ပို သောပမာဏဖြစ်သည့်အခါ အဆိုပါဆက်သွယ်ဆောင်ရွက်သူအတွက် လွှဲပြောင်းဆောင်ရွက်မှုကို ဆောင် ရွက်ပေးခြင်းမပြုမီ၊

(၃) ပြည်တွင်းနှင့်နိုင်ငံတကာကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှုတစ်ရပ်ကို ဆက်သွယ်ဆောင်ရွက်သူအတွက် ဆောင်ရွက်ပေးခြင်း မပြုမီ၊

(၄) ယခင်ရရှိထားသည့် ဆက်သွယ်ဆောင်ရွက်သူဆိုင်ရာအချက်အလက်များသည် မှန်ကန်မှု သို့မဟုတ် ပြည်စုံမှုမရှိဟု သံသယရှိသည့်အခါတိုင်း၊

(၅) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသည့် အခါတိုင်း။

(ဂ) ပုဒ်မခွဲ (ခ) တွင် ရည်ညွှန်းထားသည့် ဆက်နွှယ်မှုရှိသော လွှဲပြောင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လွှဲပြောင်းဆောင်ရွက်မှုပြုသည့် တန်ဖိုးပမာဏကို လုပ်ငန်းဆောင်ရွက်ချိန်တွင် မသိရှိပါက အဆိုပါ ပမာ ဏကို သိရှိလျှင် သိရှိချင်း သို့မဟုတ် အဆိုပါတန်ဖိုးပမာဏသည် သတ်မှတ်ပမာဏသို့ ရောက်ရှိလျှင် ရောက်ရှိချင်း ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အတည်ပြုဖော်ထုတ်ခြင်းကို ဆောင်ရွက်ရမည်။

(ဃ) ပုဒ်မခွဲ (က) အရ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆောင်ရွက်ချက်များကို

အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁) လွတ်လပ်၍ ယုံကြည်အားထားရသောဇာစ်မြစ်များ၊ အထောက်အထားများ၊ အချက်အလက်များ သို့ မဟုတ် သတင်းအချက်အလက်များဖြင့် ဆက်သွယ်ဆောင်ရွက်သူအား စိစစ်အတည်ပြုခြင်းနှင့် ဆက် သွယ်ဆောင်ရွက်သူ၏ မှတ်ပုံတင်ကို အတည်ပြုခြင်း၊

(၂) စီးပွားရေးဆက်ဆံဆောင်ရွက်မှု၏ ရည်ရွယ်ချက်၊ သဘောသဘာဝဆိုင်ရာသတင်းအချက်အလက် များ စုဆောင်းရယူခြင်းနှင့် နားလည်သိရှိခြင်း၊

(၃) သတင်းပို့အဖွဲ့အစည်းများအနေဖြင့် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင်၍ ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှု၏ ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုပုံစံတို့ကို နား လည်သဘောပေါက်ပြီး စိစစ်အတည်ပြုနိုင်မည့် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကို အတည်ပြုဖော်ထုတ် ခြင်းနှင့် အဆိုပါအကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်၏ သက်သေခံအထောက်အထားကို စိစစ်ရန်အလို့ငှာ သင့် လျော်သည့် အရေးယူဆောင်ရွက်မှုအားလုံးကို ဆောင်ရွက်ခြင်း၊

(၄) ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှုများအတွက် ဆက်သွယ် ဆောင်ရွက်သူကိုယ်စား ဆောင်ရွက်သူသည် အာဏာအပ်နှင်းခြင်းခံရသူ ဟုတ် မဟုတ် စိစစ်ခြင်းနှင့် ယင်း၏မှတ်ပုံတင်ကို မှန်ကန်ကြောင်း အတည်ပြုခြင်း၊ ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် ဥပဒေ ရေးရာစီစဉ်ဆောင်ရွက်မှု၏ တရားဝင်တည်ရှိမှု အခြေအနေအား စိစစ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်သူ၏ အမည်၊ တရားဝင်ဖွဲ့စည်းမှုပုံစံ၊ လိပ်စာ၊ ဒါရိုက်တာများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရ ယူခြင်းနှင့် ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် ဥပဒေအရ စီစဉ်ဆောင်ရွက်မှုများအပေါ် စည်းနှောင်မှုရှိစေ သည့် လုပ်ပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းများ သတ်မှတ်ခြင်း၊

(၅) ဆက်သွယ်ဆောင်ရွက်သူသည် ပြည်တွင်းပြည်ပတွင် ဩဇာတိက္ကမရှိသူ သို့မဟုတ် အပြည်ပြည်ဆိုင် ရာ ဩဇာတိက္ကမရှိသူဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိပါက ပုဒ်မခွဲငယ် (၁) မှ ပုဒ်မခွဲငယ် (၄) အထိပါ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရမည်။

(င) ပုဒ်မခွဲ (ဃ) ပါတာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ခြင်းမရှိလျှင် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) မှ ပုဒ်မခွဲငယ် (၃) အထိ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်မပေးခြင်း သို့မဟုတ် ရပ်စဲခြင်းပြု၍ ယင်းအခြေအနေကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ရမည်။

(စ) ပုဒ်မခွဲ (ဃ) အရ ဆောင်ရွက်ရမည့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို စီးပွားဆက်ဆံမှုဆောင်ရွက်ပြီးသော်လည်း ပြုလုပ်နိုင်သည်။

(ဆ) အထူးသဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်အဆင့်မြင့်မား သည့် ဆက်သွယ်ဆောင်ရွက်သူများနှင့်သက်ဆိုင်သည့် အချက်များ၊ စီးပွားရေးဆက်ဆံဆောင်ရွက်မှုများ ဆိုင်ရာ အချက်အလက်များအပါအဝင် ဤပုဒ်မအရ စုဆောင်းရယူထားသည့် အထောက်အထား စာရွက် စာတမ်းများ၊ အချက်အလက်များ သို့မဟုတ် သတင်းအချက်အလက်များသည် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီစေရေးနှင့် အကျုံးဝင်သော အချက်အလက်များဖြစ်စေရေး ဆောင်ရွက်ထားရှိရမည်။

၂၀။ သတင်းပို့အဖွဲ့အစည်းများသည် စီးပွားဆက်ဆံဆောင်ရွက်မှုတစ်ခုချင်းအတွက် ဆက်သွယ်ဆောင် ရွက်သူအပေါ် အလေးထားစိစစ်ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်။ ထို့အပြင် မိမိတို့သိရှိထား သည့် ဆက်သွယ်ဆောင်ရွက်သူဆိုင်ရာအချက်အလက်များ၊ စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များ၊ အန္တရာယ်ရှိမှုအဆင့်အတန်းများနှင့် ကိုက်ညီစေရေးအတွက် မည်သည့်လွှဲပြောင်းဆောင်ရွက်မှုကိုမဆို သေချာစွာစိစစ်ရမည်။ လိုအပ်ပါက ငွေကြေးဇာစ်မြစ်ကိုလည်း စိစစ်ရမည်။

၂၁။ သတင်းပို့အဖွဲ့အစည်းများသည် -

(က) အောက်ပါဆောင်ရွက်ချက်များကို စောင့်ကြည့်စစ်ဆေးရမည်-

(၁) စီးပွားရေးလုပ်ငန်းအရင်းခံ ထင်ရှားခြင်းမရှိဘဲနှင့်ဖြစ်စေ၊ ဥပဒေနှင့်ညီကြောင်း ထင်ရှားခြင်းမရှိဘဲ နှင့်ဖြစ်စေ ရှုပ်ထွေးသော ပုံမှန်မဟုတ်သော ပမာဏများပြားသည့် လွှဲပြောင်းဆောင်ရွက်မှုများအားလုံး၊ ပုံမှန်မဟုတ်သောပုံစံဖြင့် လွှဲပြောင်းသည့် ဆောင်ရွက်မှုများအားလုံး၊

(၂) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတားဆီးကာကွယ်ရေးအတွက် ဆောင် ရွက်ချက်များကို လုံလောက်စွာ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံမှ သို့မဟုတ် ယင်းနိုင်ငံ ရှိသူတစ်ဦးနှင့် စီးပွားဆက်ဆံဆောင်ရွက်မှု သို့မဟုတ် လွှဲပြောင်းဆောင်ရွက်မှုအားလုံး။

(ခ) ပုဒ်မခွဲ (က) ပါ ဆောင်ရွက်မှုအားလုံး၏ နောက်ခံအခြေအနေနှင့် ရည်ရွယ်ချက်များကို ဖြစ်နိုင်သမျှ စစ်ဆေးရမည့်အပြင် တွေ့ရှိချက်များကိုလည်း ရေးသားမှတ်တမ်းတင်ရမည်။

(ဂ) ပုဒ်မခွဲ (က) အရ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်အဆင့် မြင့်မားသည်ဟု ဖော်ထုတ်သိရှိရပါက ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းလုပ်ငန်း စဉ်ကို တိုးမြှင့်ဆောင်ရွက်ရမည်။

၂၂။ သတင်းပို့အဖွဲ့အစည်းများသည် ဆက်သွယ်ဆောင်ရွက်သူတစ်ဦးတစ်ယောက် သို့မဟုတ် အကျိုးခံ စားခွင့်ရှိသူ ပိုင်ရှင်တစ်ဦးအား ပြည်တွင်းပြည်ပတွင် ဩဇာတိက္ကမရှိသူများ သို့မဟုတ် အပြည်ပြည်ဆိုင် ရာတွင် ဩဇာတိက္ကမရှိသူများ ဟုတ် မဟုတ် ဆုံးဖြတ်နိုင်ရန် အန္တရာယ်အဆင့်အလိုက် သင့်လျော်သည့် စီ မံခန့်ခွဲမှုစနစ် ထားရှိပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) အပြည်ပြည်ဆိုင်ရာတွင် ဩဇာတိက္ကမရှိသူများနှင့်စပ်လျဉ်း၍-

(၁) စီးပွားဆက်ဆံဆောင်ရွက်မှု ထူထောင်ခြင်းမပြုမီ သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းမပြုမီ အကြီးတန်းစီမံအုပ်ချုပ်သူထံမှ သဘောတူညီချက်ရယူခြင်း၊

(၂) ချမ်းသာကြွယ်ဝမှုနှင့် ငွေကြေးအရင်းအမြစ်ကို ဖော်ထုတ်ရန် ဆီလျော်သည့် အရေးယူဆောင်ရွက်မှု များအားလုံး ဆောင်ရွက်ခြင်း၊

(၃) ဆက်သွယ်ဆောင်ရွက်သူအပေါ် တိုးမြှင့်အလေးထားစိစစ်ခြင်းကို စဉ်ဆက်မပြတ်ကျင့်သုံး၍ ယင်း စီးပွားဆက်ဆံမှုကို စောင့်ကြည့်ခြင်း။

(ခ) ပြည်တွင်းပြည်ပတွင် ဩဇာတိက္ကမရှိသူများနှင့်စပ်လျဉ်း၍ သတင်းပို့အဖွဲ့အစည်းများက အန္တရာယ် အဆင့်မြင့်သည်ဟု ဆုံးဖြတ်ပါက ပုဒ်မခွဲ (က) ပါ အရေးယူဆောင်ရွက်မှုများကို ကျင့်သုံးခြင်း။

၂၃။ သတင်းပို့အဖွဲ့အစည်းများသည် အောက်ပါသတင်းအချက်အလက်ဆိုင်ရာ မှတ်တမ်းများကို ထိန်း သိမ်းထားရှိရမည့်အပြင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အခြားအာဏာပိုင်များထံသို့ ယင်းမှတ်တမ်းများနှင့် အရေးပါသည့်သတင်းအချက်အလက်များကို ပေးပို့နိုင်စေရန် အဆင်သင့်ဆောင် ရွက်ထားရမည်ဖြစ်ပြီး ယင်းမှတ်တမ်းများသည် လွှဲပြောင်းဆောင်ရွက်မှုတစ်ခုချင်းစီကို ပြန်လည်ဆက် စပ်ဖော်ထုတ်နိုင်သည်အထိ ပြည့်စုံလုံလောက်မှုရှိရမည်-

(က) စီးပွားဆက်ဆံဆောင်ရွက်မှု ရပ်စဲပြီးချိန် သို့မဟုတ် ရံဖန်ရံခါလွှဲပြောင်းဆောင်ရွက်မှုကို ပြုလုပ်ပြီး ချိန်မှ ငါးနှစ်အထိ ဆက်သွယ်ဆောင်ရွက်သူ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်၏ငွေစာရင်းများနှင့် စီးပွားရေးဆိုင်ရာစာအဆက်အသွယ်များ အပါအဝင် သက်သေခံအထောက်အထားဆိုင်ရာ စာရွက်စာ တမ်းများ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းမှတစ်ဆင့် ရရှိထားသော မှတ်တမ်း မှတ်ရာများနှင့် ဆောင်ရွက်ခဲ့ပြီးသော စိစစ်တွေ့ရှိချက်စာရွက်စာတမ်းများ၊

(ခ) ပြည်တွင်းပြည်ပလွှဲပြောင်းဆောင်ရွက်ရန် အားထုတ်မှု သို့မဟုတ် လွှဲပြောင်းဆောင်ရွက်မှုကို ဆောင် ရွက်ပြီးချိန်မှ နောက်ထပ်ငါးနှစ်တာကာလအထိ လွှဲပြောင်းဆောင်ရွက်မှုများဆိုင်ရာ မှတ်တမ်းများ၊

(ဂ) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့တင်ပြခဲ့သည်မှာ အနည်းဆုံး ငါးနှစ်ကြာပြီ ဖြစ်သည့် ဤဥပဒေ အခန်း (၈) အရ လွှဲပြောင်းဆောင်ရွက်မှု သတင်းပို့ချက်မိတ္တူများနှင့် အခြားသက် ဆိုင်သည့် စာရွက်စာတမ်းများ၊

(ဃ) ဆောင်ရွက်မှုပြီးဆုံးခဲ့သည်မှာ သို့မဟုတ် နောက်ဆုံးအချိန် ပြင်ဆင်မွမ်းမံခဲ့သည်မှာ ငါးနှစ်ကျော် လွန်သည့် အန္တရာယ်အဆင့်အကဲဖြတ်ချက်နှင့် အခြားအရေးပါသည့် သတင်းအချက်အလက်များ။

၂၄။ (က) သတင်းပို့အဖွဲ့အစည်းများသည် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင် ရာ အချက်များအနက် အောက်ပါအချက်များကို ဆောင်ရွက်နိုင်စွမ်းရှိသော ကြားခံပုဂ္ဂိုလ်ကို အားထား ဆောင်ရွက်နိုင်သည်-

(၁) ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဃ) ပါ သတင်းအချက်အလက်များကို နှောင့်နှေးမှုမရှိဘဲ ရယူနိုင်ခြင်း၊

(၂) ပုဂ္ဂိုလ် သို့မဟုတ် လုပ်ငန်းဆိုင်ရာအတည်ပြုနိုင်သည့် အထောက်အထားများနှင့် ဆက်သွယ်ဆောင် ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို တောင်းဆိုပါက နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ပေးနိုင်ခြင်း၊

(၃) ပုဒ်မ ၂၁ မှ ၂၃ ပါဆောင်ရွက်ရန် လိုအပ်ချက်များကို ကိုယ်စားလိုက်နာဆောင်ရွက်ရေးအတွက် ထိန်း သိမ်းခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းများကို ကျေနပ် ဖွယ်ဆောင်ရွက်ထားနိုင်ခြင်း။

(ခ) ပုဒ်မခွဲ (က) အရ ဆက်သွယ်ဆောင်ရွက်သူကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခြင်းနှင့် စိစစ် အတည်ပြုခြင်းဆောင်ရွက်ရာတွင် သတင်းပို့အဖွဲ့အစည်း၌ အဓိကတာဝန်ဖြစ်သည်။

၂၅။ သတင်းပို့အဖွဲ့အစည်းများသည် အသစ်တီထွင်ထားသည့် ထုတ်ကုန်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ် ငန်း သို့မဟုတ် နည်းပညာများနှင့်ဆက်နွှယ်၍ ပေါ်ပေါက်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ ယင်းအန္တရာယ်များကို စီမံခန့် ခွဲရန်နှင့် လျော့ပါးစေရန် သင့်လျော်သည့် အရေးယူဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်ရမည်။

၂၆။ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများသည် နယ်စပ်ဖြတ်ကျော်ဆောင်ရွက်သည့် ကိုယ်စားလှယ် ဘဏ်လုပ်ငန်းနှင့် အလားတူ အခြားဆက်ဆံဆောင်ရွက်မှုများမပြုလုပ်မီ ပုဒ်မ ၁၉ ပြဋ္ဌာန်းချက်ပါ ဆက် သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းများကို ပုံမှန်ပြုလုပ်ရမည့်အပြင် အောက်ပါတို့ကိုလည်း ဆောင်ရွက်ရမည်-

(က) မိမိနှင့် စီးပွားဆက်ဆံဆောင်ရွက်သော အခြားနိုင်ငံမှ အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်း၊ ယင်း၏ ဂုဏ်သတင်းနှင့် ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်စပ်လျဉ်း၍ စုံစမ်း စစ်ဆေးခံရခြင်း သို့မဟုတ် စည်းကမ်းထိန်းသိမ်းခြင်းဆိုင်ရာ အရေးယူခံရခြင်း ရှိ မရှိကို လည်းကောင်း၊ ကြီးကြပ်မှုဆိုင်ရာ အရည်အသွေးနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကိုလည်းကောင်း စု ဆောင်းရယူခြင်း နှင့် သိရှိရန်ဆောင်ရွက်ခြင်း၊

(ခ) အကြီးတန်းစီမံခန့်ခွဲသူထံမှ ခွင့်ပြုချက်ရယူခြင်း၊

(ဂ) အဆက်အသွယ်ဘဏ်အဖွဲ့အစည်း၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ထိန်းချုပ်ကြီးကြပ်မှုအရည်အသွေးကို အကဲဖြတ်ခြင်း၊

(ဃ) အဖွဲ့အစည်းတစ်ခုချင်းစီ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးတာဝန် ဝတ္တရားများကို မှတ်တမ်းတင်ခြင်း။

၂၇။ (က) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ကြေးနန်း သို့မဟုတ် အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေလွှဲခြင်းပါဝင်သော ဆောင်ရွက်မှုများကို ပြုလုပ်ရာတွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ရမည်။  ယင်းသတင်းအချက်အလက်များတွင် ကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်း ဖြင့် ငွေလွှဲရာ၌ ပါရှိသည့် မှာကြားချက်များ သို့မဟုတ် ငွေပေးချေမှုများလည်းပါဝင်ရမည်။ အကယ်၍ ငွေစာရင်းအမှတ်မရှိပါက ထိုလွှဲပြောင်းမှုအတွက် သီးခြားရည်ညွှန်းနံပါတ်ကို သတ်မှတ်ပေးရမည်။ ဤ ပုဒ်မ၏ ပြဋ္ဌာန်းချက်ပါ သတင်းအချက်အလက်ကို ငွေပေးချေမှုဆောင်ရွက်သော ကြားခံငွေရေးကြေးရေး အဖွဲ့အစည်းများက ထိန်းသိမ်းခြင်းနှင့် တစ်ဆင့်ပေးပို့ခြင်းများ ဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က) သည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ-

(၁) အကြွေးဝယ်ကတ် သို့မဟုတ် မြီစားကတ်ဖြင့် လွှဲပြောင်းဆောင်ရွက်မှု၊ ယင်းလွှဲပြောင်းမှုနှင့်အတူ အ ကြွေးဝယ်ကတ်နှင့် မြီစားကတ်အမှတ်များပါရှိသော လွှဲပြောင်းမှု၊

(၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကိုယ်စား ဆောင်ရွက်သည့် ကနဦးလွှဲပြောင်းသူနှင့် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်တို့သည် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်ပါက ယင်းငွေရေး ကြေးရေးအဖွဲ့အစည်းများအကြား ဆောင်ရွက်သည့် လွှဲပြောင်းမှု။

(ဂ) ငွေပေးချေမှုဆောင်ရွက်သော ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ရပ်သည် ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိသည့် ကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်း လမ်းဖြင့် ငွေလွှဲခြင်းကို ဆောင်ရွက်ပေးခြင်းမပြုရ။

(ဃ) နိုင်ငံဖြတ်ကျော်၍ ကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေလွှဲခြင်း သို့မဟုတ် ငွေကြေးလက်ခံခြင်းပြုသည့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းသည်-

(၁) အဆိုပါ လွှဲပြောင်းဆောင်ရွက်ချက်နှင့်အတူ ကနဦးလွှဲပြောင်းပေးသူနှင့် အကျိုးခံစားခွင့်ရှိသူ သို့မ ဟုတ် ပိုင်ရှင်တို့၏ သတင်းအချက်အလက်များ ထိန်းသိမ်းထားရှိရန် ကြပ်မတ်ဆောင်ရွက်ရမည်။

(၂) ပုဒ်မခွဲ (က) နှင့်အကျုံးမဝင်သော ကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေလွှဲခြင်း များကို ဖော်ထုတ်ရန် ထိုက်သင့်သောအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်။

(၃) ယင်းလွှဲပြောင်းမှု ဆောင်ရွက်ခြင်း၊ လက်ခံခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ဆိုင်းငံ့ထားခြင်းနှင့် နောက်ဆက်တွဲအရေးယူခြင်းများ ဆောင်ရွက်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ထားရ မည်။

(င) ပုဒ်မခွဲ (က) ပါ ကနဦးလွှဲပြောင်းသူ သို့မဟုတ် အကျိုးခံစားခွင့်ရှိသော ပိုင်ရှင်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များသည် ပြည်တွင်းကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေ လွှဲခြင်းတစ်ရပ်တွင် မှတ်တမ်းကျန်ရှိစေရေးအတွက် နည်းပညာကန့်သတ်ချက်များကြောင့် အတားအဆီး ဖြစ်ပါက ယင်းငွေကြေးလွှဲပြောင်းမှုပြုလုပ်ရန် ညွှန်ကြားသည့် သို့မဟုတ် ဆောင်ရွက်သည့် အဖွဲ့အစည်း ထံမှ ဖော်ပြပါ သတင်းအချက်အလက်အားလုံးရရှိသော အဖွဲ့အစည်းသည် မှတ်တမ်းကို သိမ်းဆည်း ထားရှိရမည်။

(စ) ပုဒ်မခွဲ (က) ပါ လိုအပ်သည့် သတင်းအချက်အလက်များ မပါရှိသော ကြေးနန်း သို့မဟုတ် အီလက် ထရောနစ်နည်းလမ်းဖြင့်နိုင်ငံဖြတ်ကျော်၍ ငွေလွှဲပြောင်းခြင်းကို လက်ခံဆောင်ရွက်သည့် ငွေရေးကြေး ရေးအဖွဲ့အစည်းတစ်ရပ်သည် ယင်းလွှဲပြောင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား အတည်ပြုစိစစ်ရမည်။

(ဆ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေး လွှဲ ပြောင်းဆောင်ရွက်မှုပြုလုပ်သည့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများက လိုက်နာဆောင်ရွက်ရ မည့် ညွှန်ကြားချက်များကို ထုတ်ပြန်ရမည်။

၂၈။ (က) သတင်းပို့အဖွဲ့အစည်းများသည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင် ရန်နှင့် ဤဥပဒေနှင့်အညီ ဖော်ထုတ်ရရှိသည့်အန္တရာယ်များကို လျော့ပါးစေရေးအတွက် ထိရောက်စွာစီမံ ခန့်ခွဲရန် ဌာနတွင်းအစီအစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများကို ပြ ဋ္ဌာန်းခြင်း၊ ထပ်မံဖြည့်စွက်ပြဋ္ဌာန်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းများ ပြုလုပ်ရမည်။ ထို့ပြင် လိုအပ်ပါက ယင်းမူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများအား အကောင်အထည်ဖော်မှုကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်။ ယင်းမူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှု များတွင် အောက်ပါအချက်များပါဝင်သည်-

(၁) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာဆောင်ရွက်ချက်များ၊ စဉ်ဆက်မပြတ် အလေးထားစိစစ်ခြင်း၊ လွှဲပြောင်းဆောင်ရွက်မှုများကို စောင့်ကြည့်စစ်ဆေးမှုများ၊ သတင်းပို့ရန် တာဝန် နှင့် မှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာ တာဝန်ဝတ္တရားများ၊

(၂) မိမိဝန်ထမ်းများ၏ ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားစေရန် ကြီးကြပ်သည့် လုပ်ထုံးလုပ်နည်းများ နှင့် ယင်းဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ အလုပ်တာဝန်ထမ်းဆောင်မှုများနှင့် ငွေရေး ကြေးရေးနောက်ခံသမိုင်းကြောင်းတို့ကို အကဲဖြတ်ရန် နည်းစနစ်တစ်ရပ်၊

(၃) မိမိနှင့်ဆက်သွယ်ဆောင်ရွက်သူကို သိရှိခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အထူးတာဝန်ဝတ္တရားများနှင့် အခန်း(၈) ပါ သတင်းပို့ရန် လိုအပ် သည့် လွှဲပြောင်းဆောင်ရွက်မှုများကို သိရှိခြင်းတို့နှင့်စပ်လျဉ်း၍ ဝန်ထမ်းများက အကူအညီပေး နိုင်ရေး အတွက် စဉ်ဆက်မပြတ်လေ့ကျင့်ရေးအစီအစဉ်များ၊

(၄) ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးမှုနှင့် အရေးယူဆောင်ရွက် မှုများ၏ ထိရောက်မှုကို စစ်ဆေးရန် လွတ်လပ်သော စစ်ဆေးရေးလုပ်ငန်းစဉ်တစ်ရပ်။

(ခ) အကြီးတန်းစီမံခန့်ခွဲမှုအဆင့်ရှိသော အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိတစ်ဦးအား ခန့် အပ်ထားရှိရမည်။

(ဂ) ဤပုဒ်မပါ အချက်တစ်ချက်ချင်းစီအတွက်  အရေးယူဆောင်ရွက်မှုအမျိုးအစားများကို သတ်မှတ်ရ မည်။ ယင်းသို့သတ်မှတ်ရာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်နှင့် တကွ စီးပွားရေးလုပ်ငန်းများပမာဏ၊ ဆက်သွယ်ဆောင်ရွက်သူများ၊ လွှဲပြောင်းဆောင်ရွက်မှုများ၊ ထုတ် ကုန်များ၊ ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုပေးသည့် နည်းလမ်းနှင့်အတိုင်းအတာ၊ အဆိုပါစီးပွားရေးလုပ် ငန်းတွင် အကျုံးဝင်ပတ်သက်သည့် ပထဝီဝင်အနေအထားနှင့် နိုင်ငံများ စသည်တို့ကို ထည့်သွင်းသုံးသပ် ရမည်။

(ဃ) အောက်ပါလုပ်ငန်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်-

(၁) ဤဥပဒေအရ ထုတ်ပြန်ထားသည့် မူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများကို နိုင်ငံရပ်ခြားလုပ်ငန်း ခွဲများနှင့် အများစုပိုင်ဆိုင်မှုရှိသည့် လက်အောက်ခံလုပ်ငန်းခွဲများ အပါအဝင် လုပ်ငန်းအုပ်စုအလိုက် ကျယ်ပြန့်စွာလိုက်နာကျင့်သုံးစေခြင်း၊

(၂) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်အား ဆောင်ရွက်ခြင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရန် သတင်းအချက်အလက်ဖလှယ်မှု လုံခြုံရေးနှင့် အသုံးပြုရေး လုပ်ထုံးလုပ်နည်းများအပါအဝင် ဘဏ္ဍာရေး အုပ်စုတစ်ခုအတွင်း သတင်းအချက်အလက်ဖလှယ်ခြင်း လုပ်ထုံးလုပ်နည်းများ ထားရှိစေခြင်း။

၂၉။ သတင်းပို့အဖွဲ့အစည်းများသည် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ) အရ ခန့်အပ်ထားသည့် အရာရှိအား အောက်ပါလုပ်ပိုင်ခွင့်များ အပ်နှင်းရမည်-

(က) လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ၊ မှတ် တမ်းများ၊ မှတ်ပုံတင်များနှင့် ငွေစာရင်းများကို ရယူပိုင်ခွင့်၊

(ခ) သတင်းပို့အဖွဲ့အစည်း၏ မည်သည့်ဝန်ထမ်းထံမှမဆို၊ မည်သည့်သတင်းအချက်အလက်၊ အကြောင်း ကြားစာ၊ ရှင်းလင်းချက် သို့မဟုတ် စာရွက်စာတမ်းအထောက်အထားများကိုမဆို တောင်းခံပိုင်ခွင့်နှင့် ရယူပိုင်ခွင့်။

၃၀။ (က) မည်သူမျှ နိုင်ငံတော်အတွင်း သဏ္ဌာန်ဆောင်ဘဏ်ကို ဖွဲ့စည်းထူထောင်ခြင်း သို့မဟုတ် လုပ် ငန်းဆောင်ရွက်ခြင်း မပြုရ၊

(ခ) ငွေရေးကြေးရေးအဖွဲ့အစည်းများသည် သဏ္ဌာန်ဆောင်ဘဏ်များနှင့်ဖြစ်စေ၊ ၎င်းဘဏ်များတည်ရှိ သည့် နိုင်ငံများ၌ဖြစ်စေ စီးပွားရေးဆက်ဆံဆောင်ရွက်မှု စတင်ခြင်း သို့မဟုတ် စီးပွားဆက်ဆံမှု ဆက် လက်ဆောင်ရွက်ခြင်းမပြုလုပ်ရ၊

(ဂ) ငွေရေးကြေးရေးအဖွဲ့အစည်းများသည် သဏ္ဌာန်ဆောင်ဘဏ်များအား ယင်းတို့၏ ငွေစာရင်းများကို အသုံးပြုရန် ခွင့်ပြုထားသည့် အဆက်အသွယ်ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် စီးပွားဆက်ဆံ ဆောင်ရွက်မှု စတင်ခြင်း သို့မဟုတ် စီးပွားဆက်ဆံဆောင်ရွက်မှု မပြုရ။

၃၁။ (က) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေ ကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ရမည့်အချက်များကို လုံလောက်စွာ လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံများကို ဖော်ထုတ်သတ်မှတ်ရမည့်အပြင် ထိုကဲ့သို့သောနိုင်ငံများနှင့် ဆက် နွှယ်၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ထုတ်ပြန်ရမည်။

(ခ) သတင်းပို့အဖွဲ့အစည်းများသည် ပုဒ်မခွဲ (က) ပါ ထုတ်ပြန်သည့် ညွှန်ကြားချက်ကို တိကျစွာလိုက် နာကျင့်သုံးရမည်။

(ဂ) စည်းမျဉ်းထိန်းသိမ်းကြီးကြပ်သည့် အာဏာပိုင်များသည် သတင်းပို့အဖွဲ့အစည်းများက တိကျစွာ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ရမည်။

၃၂။ သတင်းပို့အဖွဲ့အစည်းများသည် သတင်းပို့ရန် သတ်မှတ်ထားသည့်တန်ဖိုးပမာဏ သို့မဟုတ် ယင်း တန်ဖိုးပမာဏထက်ကျော်လွန်သော ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းဆောင်ရွက်မှုများဖြစ်လျှင် သို့ မဟုတ် ငွေကြေး သို့မဟုတ် ပစ္စည်းတစ်ရပ်ရပ်ကို တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည်ဟု သော် လည်းကောင်း၊ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် ဆက်နွှယ်ပတ် သက်သည်ဟုသော်လည်းကောင်း၊ ယင်းသို့ဖြစ်စေရန် အားထုတ်သည်ဟုသော်လည်းကောင်း သံသယ ဖြစ်ဖွယ်ရာအကြောင်းရှိလျှင် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ သတ်မှတ်သည့်နည်းလမ်းများအတိုင်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ချက်ချင်းသတင်းပို့ရမည်။

၃၃။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ သို့မဟုတ် သတင်းပို့အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ပုဒ်မ ၃၂ အရ သတင်းပို့ချက် သို့မဟုတ် ဆက်နွှယ်သည့် သတင်းအချက်အလက်နှင့် ဆောင်ရွက်ချက်တစ် စုံတစ်ရာကို မိမိတို့ဝန်ထမ်းအချင်းချင်းနှင့် ဥပဒေအကျိုးဆောင်များအကြားမှတစ်ပါး အခြားမည်သူ့ကို မျှ ထုတ်ဖော်ပြောကြားခြင်းမပြုရ။

၃၄။ ငွေရေးကြေးရေးအဖွဲ့အစည်းများသည် သတ်မှတ်ထားသောတန်ဖိုးပမာဏနှင့် ယင်းတန်ဖိုးပမာဏ ထက်ကျော်လွန်သည့် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုကို တစ်ကြိမ်တည်း ဆောင်ရွက်သည်ဖြစ်စေ၊ ဆက် နွှယ်မှုရှိသည်ဟု ယူဆရသည့် လွှဲပြောင်းမှုအမြောက်အမြားဖြင့် ဆောင်ရွက်သည်ဖြစ်စေ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ရမည်။

၃၅။ ရှေ့နေများ၊ နိုထရီပတ်ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် မိမိတို့နှင့် ဆက်သွယ်ဆောင်ရွက်သူများနှင့်ပတ်သက်၍ တရားစွဲဆိုခြင်း သို့မဟုတ် တရားစွဲဆိုမှုကို ရှောင်ရှားခြင်း ဆိုင်ရာ အကြံပေးခြင်း အပါအဝင် ဥပဒေရေးရာရပ်တည်ချက်ကို ဆုံးဖြတ်သည့်ကိစ္စရပ်များဆိုင်ရာ အ ချက်အလက်များကို သတင်းပို့ရန် တာဝန်မရှိစေရ။