• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၉) ကြီးကြပ်ဆောင်ရွက်ခြင်း

၃၆။ ကြီးကြပ်ရေးအာဏာပိုင်သည်-

(က) သတင်းပို့အဖွဲ့အစည်းများက ဤဥပဒေပါ ပြဋ္ဌာန်းချက်များအား မပျက်မကွက် တိကျစွာလိုက်နာ ဆောင်ရွက်စေရန် ထိန်းသိမ်းကြီးကြပ်ရမည်။

(ခ) သတင်းပို့အဖွဲ့အစည်းများတွင် ရှိနိုင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှုအန္တရာယ်အကဲဖြတ်ခြင်းကို ဆောင်ရွက်ရမည်။ အဆိုပါအကဲဖြတ်မှုသည် အခါအားလျော်စွာ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီနေစေရမည့်အပြင် အဆိုပါဖော်ထုတ်ရရှိသည့်အန္တရာယ်များအပေါ် လုံလောက် စွာစီမံခန့်ခွဲမှုပြုနိုင်ရေးအတွက် အရေးယူဆောင်ရွက်ရန်အချက်များကို ချမှတ်ရမည်။

(ဂ) သတင်းပို့အဖွဲ့အစည်းများထံမှ သတင်းအချက်အလက်များနှင့် အခြားသောအချက်အလက်များကို ရယူစုဆောင်းခြင်းနှင့် အုပ်စုလိုက် အကောင်အထည်ဖော်ဆောင်မှုအပေါ် အခြေပြု၍ လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခြင်း၊ လုပ်ငန်းခွင်ပြင်ပမှ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်ဖြစ်စေ၊ ကိုယ် စားလှယ်ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်သည်။

(ဃ) သတင်းပို့အဖွဲ့အစည်းများက သိမ်းဆည်းထားသော သတင်းအချက်အလက်အထောက်အထား မိတ္တူကို ယင်းအဖွဲ့အစည်းများထံမှ ရယူနိုင်သည်။

(င) အခန်း (၈) ပါပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော သတင်းပို့အဖွဲ့အစည်း ကို အရေးယူဆောင်ရွက်မှုအစီအစဉ်များ ချမှတ်၍ ကျင့်သုံးနိုင်သည်။

(စ) ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု သို့မဟုတ် ဤဥပဒေနှင့်သက်ဆိုင်သော ပြစ်မှုများနှင့်သက်ဆိုင်သည့် စုံစမ်းစစ်ဆေးခြင်း၌ဖြစ်စေ၊ တရားစွဲဆိုတင်ပို့ခြင်း၌ဖြစ်စေ အခြားအာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

(ဆ) သတင်းပို့အဖွဲ့အစည်းများ၏ နိုင်ငံခြားလုပ်ငန်းခွဲများကဖြစ်စေ၊ ယင်းတို့က အများစုပိုင်ဆိုင်မှုရှိ သည့် လက်အောက်ခံကုမ္ပဏီခွဲများကဖြစ်စေ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သော်လည်းကောင်း၊ တည်ဆဲပြည်တွင်းဥပဒေနှင့် စည်းမျဉ်းများနှင့်သော်လည်းကောင်း ညီညွတ်သည့် အရေးယူဆောင်ရွက်မှု များကို ပြဋ္ဌာန်းသတ်မှတ်ခြင်းနှင့် ယင်းသတ်မှတ်ချက်အတိုင်း ကျင့်သုံးဆောင်ရွက်ခြင်း ရှိ မရှိတို့ကို စိစစ်နိုင်သည်။

(ဇ) ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်ဆက်စပ်နိုင်သော မည်သည့် လွှဲပြောင်းဆောင်ရွက်မှုနှင့် အချက်အလက်များကိုမဆို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ချက်ချင်းသတင်းပို့ရမည်။

(ဈ) သတင်းပို့အဖွဲ့အစည်းများ၏ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု သို့မဟုတ် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာ တွင် တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခြင်း၊ ထိန်းချုပ်ခြင်း သို့မဟုတ် ပါဝင်ခြင်း အတွက် ကိုက်ညီသင့်လျော်မှုရှိသည့် စံနှုန်းသတ်မှတ်ချက်များ ထားရှိပြီး ကျင့်သုံးဆောင်ရွက်နိုင်သည်။

(ည) ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းနှင့် ကျွမ်းကျင်မှုဆိုင်ရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဆိုင်းငံ့ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် လိုင်စင်ရုပ်သိမ်းခြင်းနှင့် ဆက်လက်လုပ်ဆောင်မှုကို တားမြစ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့သို့ တင်ပြခြင်း။

(ဋ) ဤဥပဒေအရ အရေးယူဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် စာရင်းဇယားများကို ထိန်းသိမ်း ထားရှိရမည်။

၃၇။ ကြီးကြပ်ရေးအာဏာပိုင်သည် အခန်း (၈) ပါ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် ပျက် ကွက်သည့် သတင်းပို့အဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းများ၏ ဒါရိုက်တာများ၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိများ သို့မဟုတ် ကြီးကြပ်စီမံခန့်ခွဲသူများအား အောက်ပါကြီးကြပ်မှု သို့မ ဟုတ် အရေးယူဆောင်ရွက်မှုတစ်မျိုးမျိုးဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(က) စာဖြင့် ရေးသားသတိပေးခြင်း၊

(ခ) သီးခြားညွှန်ကြားချက်ဖြင့် ကန့်သတ်ခြင်း၊

(ဂ) ဖော်ထုတ်သိရှိသည့် ချိုးဖောက်မှုကို အရေးယူဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာများ တင်ပြစေခြင်း၊

(ဃ) အခြားသောသင့်လျော်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း။

၃၈။ ကြီးကြပ်ရေးအာဏာပိုင်များသည် ပုဒ်မ ၃၇ အရ ချမှတ်ဆောင်ရွက်သည့် အရေးယူဆောင်ရွက်မှု များကိုငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှတစ်ဆင့် ဗဟိုအဖွဲ့သို့ သတင်းပို့ရမည်။