• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၁၀) ငွေကြေး သို့မဟုတ် ကိုင်ဆောင်သူလွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအား နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်မှု

၃၉။ ဗဟိုအဖွဲ့ကသတ်မှတ်သော တန်ဖိုးပမာဏ သို့မဟုတ် ယင်းထက်ကျော်လွန်သည့် ငွေကြေး၊ ကိုင် ဆောင်သူလွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အဖိုးတန်ကျောက်မျက်ရတနာ သို့မဟုတ် သတ္တုများကို ပြည်တွင်းသို့ ဝင်ရောက်သူ သို့မဟုတ် ပြည်ပထွက်ခွာသူသည် ၎င်း၏လက်ဝယ်၌ဖြစ်စေ၊ ဝန်စည်စလယ် ၌ဖြစ်စေ ပါရှိလျှင်သော်လည်းကောင်း၊ ပြည်တွင်းသို့ သို့မဟုတ် ပြည်ပသို့ ယာဉ်တစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ ချောစာပို့ဆောင်သည့် နည်းလမ်းဖြင့်ဖြစ်စေ သယ်ယူပို့ဆောင်ရန် စီစဉ်ဆောင်ရွက်လျှင်သော်လည်း ကောင်း အကောက်ခွန်ဦးစီးဌာနသို့ တရားဝင်ကြေညာရမည်။

၄၀။ အကောက်ခွန်ဦးစီးဌာနသည် ပုဒ်မ ၃၉ နှင့်အညီ ကြေညာရန်ပျက်ကွက်သည့် သို့မဟုတ် လိမ်လည် ကြေညာသည့် ကိစ္စရပ်များကိုသော်လည်းကောင်း၊ ငွေကြေးခဝါချမှု သို့မဟုတ် ဤဥပဒေနှင့်သက်ဆိုင် သောပြစ်မှုများနှင့် ဆက်နွှယ်ပတ်သက်သည်ဟု သံသယရှိသော ကိစ္စရပ်များတွင်သော်လည်းကောင်း ငွေကြေး၊ ကိုင်ဆောင်သူလွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ သို့မဟုတ် အဖိုးတန်သတ္တုနှင့် ကျောက် မျက်ရတနာများအချို့ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဖမ်းဆီးရန် လုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက် ရာတွင် ပစ္စည်းများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနိုင်ရန် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သလို ကျင့်သုံးနိုင်သည်။

၄၁။ အကောက်ခွန်ဦးစီးဌာနသည် ဤအခန်းပါ ပြဋ္ဌာန်းချက်များကို အောက်ပါအချက်များနှင့် အကောက် ခွန်နှင့်သက်ဆိုင်သည့် ဥပဒေများအရ သက်ဆိုင်သူများက လိုက်နာဆောင်ရွက်စေရေးအတွက် အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်များ ရှိစေရမည်-

(က) ပုဂ္ဂိုလ်များ၊ ယင်းတို့၏ ဝန်စည်စလယ်များ၊ ယင်းတို့၏ သယ်ယူပို့ဆောင်မှုနှင့် ချောစာပေးပို့မှုနည်း လမ်းများ သို့မဟုတ် ကုန်သေတ္တာများအပေါ် ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်း၊

(ခ) လိမ်လည်ကြေညာခြင်း သို့မဟုတ် ကြေညာရန်ပျက်ကွက်ခြင်းများကို တွေ့ရှိလျှင်ဖြစ်စေ၊ ငွေကြေးခ ဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု သို့မဟုတ် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် သံသယရှိ လျှင်ဖြစ်စေ ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များထံမှ အဆိုပါ ငွေကြေး၊ ကိုင်ဆောင်သူ လွှဲပြောင်းနိုင်သော စာ ချုပ်စာတမ်းများ၊ အဖိုးတန်သတ္တုနှင့် ကျောက်မျက်ရတနာများ၏ ပိုင်ဆိုင်မှုမူလဇာစ်မြစ်နှင့်သက်ဆိုင် သည့် သတင်းအချက်အလက်အသစ်များကို တောင်းခံခြင်း သို့မဟုတ် ရယူခြင်း။

၄၂။ ဤဥပဒေပြဋ္ဌာန်းချက်များအရ အကောက်ခွန်ဦးစီးဌာနက ရရှိထားသည့် သတင်းအချက်အလက် များကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသို့ ပေးပို့ရမည်။