• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၁၁) ပြစ်မှုနှင့်ပြစ်ဒဏ်များ

၄၃။ မည်သူမဆို ငွေကြေးခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ် ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ပြစ်မှုကျူးလွန် သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းငါး ရာထိငွေဒဏ်ချမှတ်ရမည်။ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရမည်။

၄၄။ သတင်းပို့အဖွဲ့အစည်းမှ တာဝန်ရှိသူ မည်သူမဆို ပုဒ်မ ၁၈ မှ ပုဒ်မ ၂၅ အထိ၊ ပုဒ်မ ၂၈ နှင့် ပုဒ်မ ၂၉ တို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့တည်းမဟုတ် ဘဏ်နှင့်ငွေရေးကြေးရေးအ ဖွဲ့အစည်းများမှ တာဝန်ရှိသူ မည်သူမဆို ပုဒ်မ ၂၆ နှင့် ပုဒ်မ ၂၇ တို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်း ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းတစ်ရာထိ ငွေဒဏ်ချမှတ်ရမည်။

၄၅။ မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့တည်းမ ဟုတ် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းမှ တာဝန်ရှိသူ မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ခွဲ (ဂ) ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန်အားထုတ်ကြောင်း ပြစ်မှုထင်ရှားစီ ရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းသုံးရာအထိ ငွေဒဏ်ချမှတ်ရမည်။

၄၆။ မည်သည့် သတင်းပို့အဖွဲ့အစည်းမှ တာဝန်ရှိသူမဆို ပုဒ်မ ၃၂ အရ ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရာတွင် လိမ်လည်ဖော်ပြကြောင်း သို့မဟုတ် အချက်အလက်များဖုံးကွယ် ထားကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းသုံးရာအထိ ငွေဒဏ်ချမှတ်ရ မည်။

၄၇။ မည်သူမဆို ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပေါ့လျော့၍ဖြစ်စေ ပုဒ်မ ၃၉ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ခြင်း၊ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပုဒ်မ ၄၀ အရ ငွေကြေး သို့မဟုတ် လွှဲ ပြောင်းနိုင်သောစာချုပ်စာတမ်းများဆိုင်ရာ လိမ်လည်ကြေညာမှုကို ပြုလုပ်ခြင်းသော်လည်းကောင်း၊ အ ကောက်ခွန်အရာရှိ၊ အရာရှိ သို့မဟုတ် အာဏာပိုင်တစ်ဦးဦးထံ ထုတ်ဖော်ကြေညာရမည့်အချက်အလက် များကို ဖုံးကွယ်ခြင်းသော်လည်းကောင်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိပါက ထိုသူကို သုံးနှစ်အ ထိ ထောင်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ကုမ္ပဏီအဖွဲ့အစည်းက ပြစ်မှု ကျူးလွန်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ငွေဒဏ်ကျပ်သန်းသုံးရာအထိ ချမှတ်ရမည်။

၄၈။ မည်သူမဆို ဤဥပဒေအရ စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း ၎င်းအား ထုတ်ဆင့်သည့် ငွေကြေး နှင့်ပစ္စည်းများဆိုင်ရာ တားမြစ်မိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းသုံးရာအထိ ငွေဒဏ်ချမှတ်ရမည်။

၄၉။ မည်သည့်ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းမှ တာဝန်ရှိသူမဆို ပုဒ် ၃၄ ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ် ပါကယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းသုံးရာအထိ ငွေဒဏ်ချမှတ်ရမည်။

၅၀။ မည်သည့်သတင်းပို့အဖွဲ့အစည်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ယင်းတို့၏ဒါရိုက်တာ၊ အရာရှိနှင့် ဝန်ထမ်းမဆို ပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်ရမည်။

၅၁။ မည်သည့်စိစစ်ရေးအဖွဲ့ဝင် သို့မဟုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်မဆို ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုနှင့်စပ်လျဉ်း၍ စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းပြုရာတွင် အောက်ပါပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများ ဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်-

(က) မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ တံစိုးလက်ဆောင်အဖြစ် ငွေကြေး၊ ပစ္စည်းတစ်စုံတစ် ရာကို တောင်းခံခြင်း သို့မဟုတ် လက်ခံရယူခြင်း၊

(ခ) ပြစ်မှုကျူးလွန်သူအား အရေးယူခြင်းမပြုနိုင်စေရန် ပြစ်မှုကျုးလွန်သူကို အခြားသူတစ်ဦးဦးဖြင့် အစားထိုးခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူကို အရေးမယူဘဲ ထိမ်ချန်ခြင်း၊

(ဂ) ငွေကြေးခဝါချရာမှ ရရှိသော ငွေကြေးနှင့်ပစ္စည်းကို အရေးယူခြင်းမပြုနိုင်စေရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်း၊

(ဃ) စာတမ်းအမှတ်အသားများအား ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ မမှန် မကန်ရေးသွင်းခြင်း။

၅၂။ တရားရုံးသည်-

(က) ဤဥပဒေပါ ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ချမှတ်လျှင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းနှင့် ငွေကြေးကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့် အမိန့် ချမှတ်ရမည်။

(ခ) ချမှတ်သောဒဏ်ငွေ၏ ငါးရာခိုင်နှုန်းကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးရန်ပုံငွေသို့ ပေးသွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရ မည်။

(ဂ) ဤဥပဒေအရ ဒဏ်ငွေချမှတ်ခြင်းခံရသူက ပေးဆောင်ခြင်းမရှိလျှင် ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အ စည်းအား ဝင်ငွေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်။