• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
Download : Myanmar / English
အခန်း(၁၅) အထွေထွေ

၅၈။ သက်ဆိုင်ရာဝန်ကြီးဌာနက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အတွက် ဘဏ္ဍာငွေခွဲဝေ သတ်မှတ်ချက်ကို သီးခြားသတ်မှတ်ပေးရမည်။

၅၉။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သဘောရိုးဖြင့် သတင်းပို့ချက်များ တင်ပြသည့် သို့မ ဟုတ် သတင်းအချက်အလက်များပေးအပ်သည့် သတင်းပို့အဖွဲ့အစည်းများ သို့မဟုတ် ယင်းတို့၏ဒါရိုက် တာများ၊ အရာရှိများ သို့မဟုတ် ဝန်ထမ်းများအား ဘဏ်လုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ အ သက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်ထားရှိရေးပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များကိုဖြစ်စေ ချိုးဖောက်သည့် အကြောင်းကြောင့် ပြစ်မှုကြောင်းအရလည်း ကောင်း၊ တရားမကြောင်းအရလည်းကောင်း၊ စည်းကမ်းထိန်းသိမ်းမှု သို့မဟုတ် စီမံခန့်ခွဲမှုနည်းလမ်း များအရလည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ၊

(ခ) သတင်းပို့အဖွဲ့အစည်းများ သို့မဟုတ် ယင်းတို့၏ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် ဝန်ထမ်း များက လိုက်နာရမည့် ငွေရေးကြေးရေးနှင့် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုဆိုင်ရာ လျှို့ဝှက်ချက် ထားရှိရေးနှင့် လုံခြုံမှုသတိပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဤဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များက လွှမ်းမိုးသည်။

၆၀။ ပုဒ်မ ၅ ပါပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများမဟုတ်ကြောင်းသက်သေထင်ရှားတင်ပြရန်တာဝန်သည် စွပ်စွဲခံရသူတွင် ရှိစေရမည်။

၆၁။ တရားစွဲအဖွဲ့အစည်းသည် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများနှင့် စပ် လျဉ်း၍ တရားစွဲဆိုရာတွင်-

(က) တရားမဝင်သော ငွေကြေးနှင့်ပစ္စည်းများသည် ပုဒ်မ ၅ ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှရရှိ ကြောင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ဥပဒေကြောင်းအရ မြင်သာသောအထောက်အထားဖြစ်သည် ဟု မှတ်ယူရမည်။ ယင်းငွေကြေးနှင့်ပစ္စည်းများကို ရရှိစေခဲ့သည့် မူလပြစ်မှုကို မည်ကဲ့သို့ကျူးလွန်ခဲ့ ကြောင်း သက်သေတင်ပြရန် လိုအပ်ခြင်းမရှိစေရ။

(ခ) ပုဒ်မခွဲ (က) ပါပြစ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့်ပစ္စည်းများ၏ ပမာ ဏကို ထည့်သွင်းစဉ်းစားခြင်း မပြုရ။

(ဂ) ပြစ်မှုကျူးလွန်သူ၏ အသိအမြင်၊ ရည်ရွယ်ချက်၊ ကြံရွယ်ချက်တို့သည် မူလပြစ်မှု၏ အခြေခံအချက် များ အထိုက်အလျောက်ဖြစ်စေကာမူ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှု များတွင် ၎င်း၏အချက်များကို ဖြစ်ရပ်မှန်အကြောင်းခြင်းရာများမှ ကောက်ချက်ချနိုင်သည်။

၆၂။ ငွေကြေးခဝါချရာမှရရှိသော ငွေကြေးနှင့်ပစ္စည်းများနှင့်စပ်လျဉ်း၍ စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင် ခံ နေရသူမဟုတ်သော အခြားသူတစ်ဦးတစ်ယောက်က ယင်းငွေကြေးနှင့်ပစ္စည်းများအား သဘောရိုးဖြင့် အဖိုးစားနားပေး၍ လွှဲပြောင်းရယူထားခြင်းဖြစ်ကြောင်း သက်သေထင်ရှားတင်ပြနိုင်ပါက ယင်း၏ရပိုင် ခွင့်နှင့် အခွင့်အရေးတို့ကို ထိခိုက်ခြင်းမရှိစေရ။

၆၃။ မည်သူမဆို ဤဥပဒေအရ ငွေကြေးခဝါချမှုဆိုင်ရာစိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်း တို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် လိုက်လျောညီသည့် သတ်မှတ်ပြ ဋ္ဌာန်းချက်များအရ တရားမျှတစွာ ပြုမူဆက်ဆံရေးနှင့် အခြားခံစားခွင့် အခွင့်အရေးများ ရရှိစေရေးတို့ အတွက် အာမခံချက် ရရှိစေရမည်။

၆၄။ ငွေကြေးခဝါချမှုဖြင့် စွပ်စွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ မည်သူမဆို ယင်း၏အခွင့်အရေးများ ရရှိရေးအတွက် ယင်းပုဂ္ဂိုလ် နိုင်ငံသားဖြစ်သည့်နိုင်ငံ၏ အနီးစပ်ဆုံး သင့်လျော်ရာသံရုံးသို့ဖြစ်စေ၊ ကောင်စစ်ဝန်ရုံးသို့ဖြစ်စေ၊ ကိုယ်စားလှယ်ထံသို့ဖြစ်စေ နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ ဆက်သွယ်အ ကြောင်းကြားနိုင်ရန် အခွင့်အရေးရရှိစေရမည်။

၆၅။ ဤဥပဒေနှင့်အညီ ထုတ်ပြန်သည့် အမိန့်များကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက လိုက် နာဆောင်ရွက်ရမည်။

၆၆။ ဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ကြီးကြပ်ရေးအာဏာပိုင်၊ သတင်းပို့အဖွဲ့အ စည်းများ၊ ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရသည့် အခြားသောအစိုးရဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် ယင်းဌာနအဖွဲ့အစည်းများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် သို့မဟုတ် ယခင်က တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးသည် မိမိတာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ခံရရှိသည့် မည်သည့်သတင်း အချက်အလက်ကိုမဆို တာဝန်ပြီးဆုံးသည့်တိုင်အောင် လျှို့ဝှက်ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး တာဝန်ရှိ သူတိုင်းသည် ရရှိထားသော သတင်းအချက်အလက်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် တရား ရုံး၏ အမိန့်အရသာ အသုံးပြုနိုင်သည်။ ဤပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ပါက မြန်မာနိုင်ငံအစိုး ရလျှို့ဝှက်ချက်ဥပဒေအရ အရေးယူခြင်းခံရမည်။

၆၇။ ပုဒ်မ ၅ ပါဤဥပဒေနှင့်သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသော ငွေကြေး သို့မ ဟုတ် ပစ္စည်းအား-

(က) ဤဥပဒေစတင်အာဏာတည်ပြီးနောက်  ပုဒ်မ ၃၊ ပုဒ်မခွဲ (ဎ) ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ မှရရှိသည့် ငွေကြေးနှင့်ပစ္စည်းများနှင့်သက်ဆိုင်သော ပြစ်မှုများကို ဤဥပဒေအရသာ အရေးယူရမည်။

(ခ) ဤဥပဒေစတင်အာဏာမတည်မီက ပုဒ်မ ၃၊ ပုဒ်မခွဲ (ဎ) ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ မှရရှိ သည့် ငွေကြေးနှင့်ပစ္စည်းများနှင့်သက်ဆိုင်သော ပြစ်မှုများကို တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူရမည်။

၆၈။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့ သို့မဟုတ် ဗဟိုအဖွဲ့က လွှဲအပ်ထား သောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

၆၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည် ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဗဟိုအဖွဲ့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကြီးကြပ်ရေးအာဏာပိုင်နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအ ဖွဲ့တို့သည် လိုအပ်သော ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

၇၀။ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၆/၂၀၀၂) အရဖြစ်စေ၊ အခြားလုပ်ပိုင်ခွင့် တစ် ခုခုအရဖြစ်စေ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက် များကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၇၁။ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၆/၂၀၀၂) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက် သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။