၉၃။ ဘဏ်များအားလုံး လိုက်နာရမည့် သတ်မှတ်ထားသောမူများ၊ စံသတ်မှတ်ချက်များ၊ နည်းဥပဒေ များနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို သေချာစွာ လိုက်နာဆောင်ရွက်ရေးအတွက် စနစ်တကျကြီး ကြပ်ထိန်းကျောင်းရန်မှာ ဗဟိုဘဏ်၏ တာဝန်ရှိမှု နှင့် တာဝန်ဝတ္တရားများဖြစ်သည်။
ဘဏ်များပြန်လည်တည့်မတ်အောင် အရေးယူဆောင်ရွက်ခြင်း
၉၄။ (က) အောက်ပါအခြေအနေများတွင် ဗဟိုဘဏ်သည် တည့်မတ်ရေးအစီအစဉ်များ ချမှတ်ဆောင် ရွက်နိုင်သည်-
(၁) ဗဟိုဘဏ်သို့ ဘဏ်ကကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် ၎င်း၏ပေးရန် တာဝန်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း သို့မဟုတ် ပေးဆပ်ရန်တာဝန်များ အနက်မှ ကြီးမားသော အတိုင်းအတာကို ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိတော့ကြောင်း သို့မဟုတ် ငွေပေး ချေမှုကို အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မည်ဖြစ်ကြောင်း အကြောင်းကြားခြင်း၊
(၂) ပုဒ်မ ၉၁ အရ ကြီးကြပ်စစ်ဆေးပြီးနောက်ဖြစ်စေ၊ အခြားနည်းအရဖြစ်စေ ဗဟိုဘဏ်သည် ဘဏ် တွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်ဖြစ်ပေါ်နေကြောင်း တွေ့ရှိသည့်အခါ သတိပေးအကြောင်းကြား စာပေးပို့မည်-
(ကက) ၎င်း၏ လုပ်ငန်းများလုပ်ဆောင်ရာတွင် ငွေအပ်နှံသူများ၊ မြီရှင်များ သို့မဟုတ် အများပြည်သူ တို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေရန် ပြုလုပ်ကြောင်း၊
(ခခ) ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးဆပ်ရန် အချိန်စေ့ရောက်သော်လည်း ပေးချေမှုမပြု ကြောင်း၊
(ဂဂ) ပေးရန်တာဝန်အားလုံးကိုဖြစ်စေ၊ ကြီးမားသော အတိုင်းအတာတစ်ခုအထိဖြစ်စေ ပေးချေ မှုမပြုနိုင် ကြောင်း သို့မဟုတ် ငွေပေးချေမှုကိုအတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မည်ဖြစ်ကြောင်း၊
(ဃဃ) တရားစွဲဆိုခံရခြင်းမရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း၊
(ငင) လိုင်စင်လျှောက်ထားရာတွင် မမှန်ကန်သော အကြောင်းပြချက် သို့မဟုတ် လိမ်လည်ထိမ်ချန် သောဖော်ပြချက်ဖြင့် လိုင်စင်လျှောက်ထား ရရှိခဲ့ကြောင်း၊
(စစ) ဘဏ်၏ဒါရိုက်တာ၊ အမှုဆောင်အရာရှိ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဘဏ်၏ အကျိုးစီးပွား ကိုဖြစ်စေ၊ ငွေအပ်နှံသူများ၏ အကျိုးစီးပွားကိုဖြစ်စေ ထိခိုက်နစ်နာစေရန် ဆောင်ရွက်ကြောင်း၊
(ဆဆ) ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဘဏ်၏လုပ်ငန်းနှင့် စာအုပ်များ သို့မဟုတ် မှတ်တမ်း များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလုံး သို့မဟုတ် အရေးပါသော အစိတ်အပိုင်းများကို နိုင်ငံတော် ပြင်ပသို့ ထုတ်ဆောင်သွားသဖြင့် ဘဏ်သည် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးမှုအား နှောင့်နှေးကြန့်ကြာ မှု ဖြစ်စေကြောင်း၊
(ဇဇ) ဗဟိုဘဏ်က ပေးပို့သည့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ကြောင်း၊
(ဈဈ) ဗဟိုဘဏ်က သတ်မှတ်သည့် စံသတ်မှတ်ချက်များဖြစ်သည့် ရရန်ပိုင်ခွင့် အရည်အသွေးစီမံခန့်ခွဲမှု၊ ဝင်ငွေရရှိမှု၊ ငွေကြေးလွယ်ကူမှု သို့မဟုတ် ဈေးကွက်ဆုံးရှုံးနိုင်ခြေအပေါ် ခံနိုင်ရည်ရှိမှုစသည်တို့ကို ပြည့်မီအောင် လိုက်နာရန် ပျက်ကွက်ကြောင်း၊
(ညည) ဤဥပဒေပါ သို့မဟုတ် ဗဟိုဘဏ်၏ စည်းမျဉ်းတစ်ရပ်ရပ်ပါ မတည်ရင်းနှီးငွေ လိုအပ်ချက် များကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ပျက်ကွက်မည့် အခြေအနေဖြစ်ပေါ်နေကြောင်း၊
(ဋဋ) ဘဏ်လုပ်ငန်းစနစ် တစ်ရပ်လုံး၏ သို့မဟုတ် တစ်စိတ်တစ်ပိုင်းရှိ ငွေအပ်နှံသူများအတွက် ဆုံးရှုံးနိုင်ခြေရှိသည့် လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
(ဌဌ) ဘဏ်သည် ကြွေးမြီပေးဆပ်နိုင်စွမ်းမရှိခြင်းနှင့် ၎င်း၏စုစုပေါင်းရရန် ပိုင်ခွင့်တန်ဖိုးသည် စုစု ပေါင်းပေးရန်တာဝန်ထက် လျော့နည်းနေကြောင်း၊
(ဍဍ) မြီစားများအတွက် ကြွေးမြီသက်သာခွင့်ပြုသည့် လူမွဲစာရင်းခံယူခြင်းဆိုင်ရာ အက်ဥပဒေအရဖြစ် စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ လုံခြုံရေးအရ အပ်နှံခံရသူ၊ ပစ္စည်းထိန်းအရာရှိ သို့မဟုတ် စာရင်းရှင်း လင်းဖျက်သိမ်းရေး အရာရှိက အဆိုပါသက်သာခွင့် တောင်းဆိုသည့် အမှုများနှင့်ရင်ဆိုင် နေရကြောင်း၊
(ဎဎ) ဘဏ်သည် ရာဇဝတ်ပြစ်မှု လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေခြင်း သို့မဟုတ် ၎င်းလုပ်ရပ်များ အတွက် အသုံးချခံနေရခြင်း နှင့် ၎င်းလုပ်ရပ်များအတွက် လုံလောက်သော ကြိုတင်ကာကွယ် အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်နိုင်ကြောင်း၊
(ဏဏ) နိုင်ငံခြားဘဏ်တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ မိမိသဘောအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းလျက်ရှိကြောင်း သို့မဟုတ် ၎င်း၏ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်သည် မူရင်းနိုင်ငံ၌ ဖျက်သိမ်းခံရကြောင်း၊
(တတ) ဘဏ်သည် လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေး မကောင်းခြင်းကြောင့် ပေးရန် တာဝန်များကို ပြည့်မီစွာ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း သို့မဟုတ် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်း ဗဟိုဘဏ်က စဉ်းစား ဆုံးဖြတ်ကြောင်း၊
(ထထ) ဘဏ်သည် လုပ်ငန်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ် သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေ ကြောင်း။
(ခ) ပုဒ်မခွဲ (က)တွင် မည်သို့ပင် ပါရှိစေကာမူ ဗဟိုဘဏ်က ပုဒ်မ ၉၅ အရ သတိပေးအကြောင်းကြားစာ ပေးပို့ခြင်းသည် ငွေအပ်နှံသူများ သို့မဟုတ် မြီရှင်များ၏ အကျိုးစီးပွားကို ပို၍အန္တရာယ်ဖြစ်နိုင်ကြောင်း ဆုံးဖြတ်သည့်အခါ ဗဟိုဘဏ်သည် သတိပေးအကြောင်းကြားစာပေးပို့ခြင်း မပြုဘဲ ပုဒ်မ ၉၆ အရ ပြန်လည်တည့်မတ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်နိုင်သည်။
ဗဟိုဘဏ်၏ သတိပေးအကြောင်းကြားစာ
၉၅။ (က) ဗဟိုဘဏ်က ဘဏ်နှင့်စပ်လျဉ်း၍ ပုဒ်မ ၉၄ ပါ ပြဋ္ဌာန်းထားသော အခြေအနေများ ပေါ်ပေါက်တွေ့ရှိကြောင်း ဆုံးဖြတ်လျှင် ဗဟိုဘဏ်သည် သတိပေးအကြောင်းကြားစာ ပေးပို့ရမည်။
(ခ) ဗဟိုဘဏ်က ထုတ်ဆင့်သည့် အကြောင်းကြားစာရရှိသည့်နေ့မှ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဘဏ်သည် မိမိ၏ချွတ်ယွင်းအားနည်းမှု သို့မဟုတ် နှောင့်နှေးမှုအတွက် မည်သို့အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း လုပ်ငန်းစီမံချက်ကို ဗဟိုဘဏ်သို့ တင်ပြရမည်။
(ဂ) ပုဒ်မခွဲ (ခ)အရ ပြုလုပ်မည့် လုပ်ငန်းစီမံချက်တွင်-
(၁) ဖြစ်ပေါ်ခဲ့သော ချွတ်ယွင်းအားနည်းမှု သို့မဟုတ် နှောင့်နှေးမှုအတွက် မည်ကဲ့သို့ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း အစီအစဉ်အသေးစိတ်ကို ဖော်ပြ၍ တင်ပြရမည်။
(၂) သက်ဆိုင်ရာ ဘဏ်ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ပါရှိရမည်။
(၃) ချွတ်ယွင်းအားနည်းချက်များ သို့မဟုတ် နှောင့်နှေးမှုများကို ပြီးပြည့်စုံသည်အထိ အရေးယူဆောင် ရွက်ရေးစီမံချက်ကို ပြုလုပ်မည့်အချိန်ကာလကို ဖော်ပြရမည်။
(၄) အရေးယူဆောင်ရွက်မှု လုပ်ငန်းစဉ်များကို မည်ကဲ့သို့သော စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ရှင်းလင်းချက်ပါရှိ ရမည်။
(ဃ) ဘဏ်က လုပ်ငန်းစီမံချက်ကို ဗဟိုဘဏ်သို့ တင်ပြရာတွင် နောက်ဆုံးအခြေအနေများ သို့မဟုတ် လိုအပ်သော အခြား အစီရင်ခံစာများပါ တင်ပြရမည်။
(င) ဘဏ်က တင်ပြရမည့်လုပ်ငန်းစီမံချက်ကို သတ်မှတ်သည့် အချိန်ကာလအတွင်း တင်ပြရန် ပျက် ကွက်လျှင်ဖြစ်စေ၊ တင်ပြလာသော လုပ်ငန်းစီမံချက်ပြည့်စုံမှုမရှိဟု ဗဟိုဘဏ်က ဆုံးဖြတ်လျှင်ဖြစ်စေ၊ ဘဏ်ကတင်ပြထားသော လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်လျှင်ဖြစ်စေ ဗဟို ဘဏ်သည် ပုဒ်မ ၉၆ အရ ဘဏ်အား ပြန်လည် တည့်မတ်စေရန် အရေးယူ ဆောင်ရွက်မှုပြုရမည်။
ဘဏ်များပြန်လည်တည့်မတ်ရန် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်
၉၆။ (က) ဗဟိုဘဏ်သည် ပုဒ်မ ၉၅၊ ပုဒ်မခွဲ (က)အရ ဘဏ်အား သတိပေးအကြောင်းကြားစာ ထုတ်ပြီး ဖြစ်လျှင်ဖြစ်စေ သို့မဟုတ် ပုဒ်မ ၉၄ ပါ ပြဋ္ဌာန်းချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အကျုံးဝင်လျှင် ဖြစ်စေ အောက်ဖော်ပြပါ အရေးယူမှုတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဆောင်ရွက်နိုင်သည်-
(၁) ဘဏ်အား လုပ်ငန်းဆောင်ရွက်ချက်တစ်ခုခု သို့မဟုတ် လုပ်ငန်းဆောင်ရွက်ချက်အမျိုးအစား တစ်ခု ခုတွင် ဝင်ရောက်ဆောင်ရွက်ခြင်းမပြုရန် သတိပေးခြင်း သို့မဟုတ် တားမြစ်ခြင်း၊
(၂) ဘဏ်အား ဥပဒေကျူးလွန်ဖောက်ဖျက်ခြင်း သို့မဟုတ် စိတ်ချလုံခြုံမှုမရှိသော သို့မဟုတ် ခိုင်မာမှန် ကန်မှုမရှိသော လုပ်ထုံးလုပ်နည်းများကို ရပ်စဲရန် သို့မဟုတ် ရှောင်ကြဉ်ရန် ညွှန်ကြားခြင်း၊
(၃) ဘဏ်အား ဗဟိုဘဏ်က ညွှန်ကြားသည့်အတိုင်း သင့်လျော်သော အရေးယူဆောင်ရွက်မှုပြုလုပ်ရန် ညွှန်ကြားခြင်း၊
(၄) ပုဒ်မ ၉၁ အရ ဘဏ်အား စစ်ဆေးမှုပြုနေသည့် ကာလအတွင်းဖြစ်စေ၊ စစ်ဆေးပြီးနောက်ဖြစ်စေ ဗဟိုဘဏ်က အောက်ပါတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်-
(ကက) ဘဏ်နှင့်စပ်လျဉ်း၍ စဉ်းစားဆုံးဖြတ်ရန်လိုသည့် ကိစ္စတစ်ရပ်ရပ်အတွက် ဘဏ်ဒါရိုက်တာ အဖွဲ့အား အစည်းအဝေး ခေါ်ယူရန် ဘဏ်အားညွှန်ကြားခြင်း၊
(ခခ) ဘဏ်၏ တာဝန်ခံအရာရှိတစ်ဦးအား အဆိုပါစဉ်းစားဆုံးဖြတ်ရန် ကိစ္စရပ်တစ်ခုခုအတွက် ဗဟိုဘဏ် နှင့် ညှိနှိုင်းဆွေးနွေးခြင်း၊
(ဂဂ) ဒါရိုက်တာအဖွဲ့သို့မဟုတ် ကော်မတီအစည်းအဝေးကိစ္စများနှင့် စပ်လျဉ်းသည့် နို့တစ်စာများ၊ အခြားဆက်သွယ်ရေး ကိစ္စရပ်များကို ဗဟိုဘဏ်က သတ်မှတ်သည့် အရာရှိတစ်ဦးဦးထံသို့ စာဖြင့်ရေး သားအကြောင်းကြားရန် ဘဏ်၏ဒါရိုက်တာအဖွဲ့သို့ ညွှန်ကြားခြင်း၊
(ဃဃ) ဘဏ်၏လုပ်ငန်းဆောင်ရွက်ချက်များ သို့မဟုတ် ၎င်း၏ အရာရှိများ၊ လုပ်ငန်းခွဲများ၏ ဆောင် ရွက်မှုများနှင့် လုပ်ငန်းအစီရင်ခံစာများကို လေ့လာရန် ဗဟိုဘဏ်က ၎င်း၏အရာရှိတစ်ဦးကို ဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ ခန့်အပ်တာဝန်ပေး ခြင်း၊
(ငင) စစ်ဆေးမှုပြုလုပ်နေချိန်တွင်ဖြစ်စေ၊ စစ်ဆေးမှုပြုလုပ်ရာမှဖြစ်စေ ထုတ်ဖော်ကြေညာသည့် ဘဏ် ၏ ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာ ပြောင်းလဲမှုများကို ဗဟိုဘဏ်က သတ်မှတ် ထားသော အချိန်အတွင်းပြုလုပ်ရန် ဘဏ်အား ညွှန်ကြားခြင်း၊
(၅) ထည့်ဝင်ပြီး မတည်ငွေရင်းတိုးမြှင့်ခြင်းကို အစုရှယ်ယာအသစ်များ ထုတ်ဝေရောင်းချခြင်းဖြင့် ဖြစ် စေ၊ ထုတ်ဝေပြီး အစုရှယ်ယာမှ မပေးသွင်းရသေးသောအပိုင်းကို ပေးသွင်းရန် တောင်းခေါ်၍ဖြစ်စေ တိုးမြှင့်ရန် ညွှန်ကြားခြင်း၊
(၆) ဘဏ်၏ မတည်ငွေရင်း လုံလောက်မှုအချိုး သို့မဟုတ် ငွေကြေးလွယ်ကူမှု အချိုးတို့ကိုမြှင့်တင်ခြင်း သို့မဟုတ် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အခြားသော ကန့်သတ်ချက်များ သို့မဟုတ် စည်းကမ်း ချက်များကို ပိုမိုထားရှိ ဆောင်ရွက်ရေးအတွက် ဘဏ်အား ညွှန်ကြားခြင်း၊
(၇) ဘဏ်၏ လုပ်ငန်းအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ ရပ်ဆိုင်းစေခြင်း၊
(၈) အစုရှယ်ယာဝင်များ၏ ဆန္ဒမဲပေးပိုင်ခွင့် အပါအဝင် အခွင့်အရေးများအားလုံးကို ဖြစ်စေ၊ အချို့ကို ဖြစ်စေ ရပ်ဆိုင်းခြင်း ၊ ထို့ပြင် ဘဏ်၏ အစုရှယ်ယာဝင်အား အမြတ်ငွေခွဲဝေမှုကိုဖြစ်စေ၊ ငွေထုတ်ယူခွင့် ကိုဖြစ်စေ တားမြစ်ခြင်း၊
(၉) ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိအား ရာထူးမှ ရပ်ဆိုင်းခြင်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်ခွင့်ကို အမြဲတမ်း ပိတ်ပင်ခြင်း၊
(၁၀) ဘဏ်၏ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်၊ အရာရှိနှင့် ဝန်ထမ်းတို့၏ လုပ်ပိုင်ခွင့်ကို ကန့်သတ် တားမြစ်ခြင်း
(၁၁) ဘဏ်၏ ဒါရိုက်တာများနှင့် အဆင့်မြင့်အရာရှိများအား ပေးရမည့်ခံစားခွင့် (စီမံခန့်ခွဲမှုစရိတ်နှင့် အထူးချီးမြှင့်ငွေ အပါအဝင်) ကိုကန့်သတ်ခြင်း၊
(၁၂) ဘဏ်အား အပ်နှံငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်း၊ ကြိုတင်ချေးငွေပေးခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံခြင်းတို့အပေါ် ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုခြင်း၊
(၁၃) ဘဏ်အား အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရန်၊ ဌာနတွင်း ကြီးကြပ်ခြင်းအစီအစဉ်နှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်များကို တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊
(၁၄) ဘဏ်၏ လုပ်ငန်းပမာဏကို လျော့ချခြင်း၊ ပြည်တွင်းပြည်ပရှိဘဏ်များ၊ ဘဏ်ရုံးခွဲများ တိုးချဲ့ ခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ဘဏ်ခွဲများ၊ ဘဏ်ရုံးခွဲများ ပိတ်ရန် ညွှန်ကြားခြင်း၊
(၁၅) အရည်အသွေးမပြည့်မီသော ရရန်ပိုင်ခွင့်များအတွက် လျာထားမှုကိုတိုးမြှင့်စေခြင်း၊
(၁၆) ဘဏ်၏ အစုရှယ်ယာဝင်များက ထုတ်ချေးထားသည့် ချေးငွေအတွက် အရင်းပြန်ဆပ်ခြင်း သို့မ ဟုတ် အတိုးပေးခြင်းကို တားမြစ်ခြင်း၊
(၁၇) နိုင်ငံတော်ပိုင်ဘဏ်များမှအပ ဘဏ်၏အရာရှိ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် ဒါရိုက်တာ တစ်ဦးဦးကို ဗဟိုဘဏ်က အမိန့်စာဖြင့် ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ်များဖြစ် လျှင် လိုအပ်သလို အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊
(၁၈) ဗဟိုဘဏ်က အမိန့်စာဖြင့် ဒါရိုက်တာအဖွဲ့အား ရာထူးတာဝန်မှ ထုတ်ပယ်ခြင်းနှင့် ဘဏ်အား ထိန်းချုပ်မှုပြုပြီး ဘဏ်အား အုပ်ချုပ်စေရန် ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသူ အုပ်ချုပ်သူအား ခန့်အပ်၍ လုပ်ငန်းလည်ပတ် လုပ်ကိုင်စေခြင်း၊
(၁၉) ဗဟိုဘဏ်က အမိန့်စာဖြင့် ဘဏ်အား စတော့အိပ်ချိန်းတွင် စာရင်းဝင်အဖြစ်မှ ပယ်ဖျက်ပေးရန် လျှောက်ထားစေခြင်း။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉)နှင့် (၁၇)တို့အရ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိ ကို ရာထူးတာဝန်မှ ထုတ်ပယ်ရန် အဆိုပြုအမိန့်နှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့ ဖြေရှင်းချက်ပေးရန် ဘဏ်အား သင့်လျော်သော အခွင့်အရေးပေးရမည်။ သို့ရာတွင် ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉)၊ (၁၇) နှင့် (၁၈)တို့အရ အမိန့်ထုတ်ဆင့်ရာတွင် နှောင့်နှေးသည့်ကိစ္စတွင် ဘဏ်သို့မဟုတ် ၎င်း၏ ငွေအပ်နှံသူ များ၊ မြီရှင်များ သို့မဟုတ် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးမည်ဟု ခိုင်လုံသော အထောက်အထားရရှိပါက အမိန့်စာကို ချက်ချင်းထုတ်ဆင့်နိုင်သည်။ ထို့အပြင် အမိန့်စာထုတ်ပြီး မကျေ နပ်ချက်ကို တင်ပြစေရေးအတွက် အတတ်နိုင်ဆုံး အခွင့်အရေးပေးရမည်။
(ဂ) ဗဟိုဘဏ်သည် တင်ပြလာသည့် မကျေနပ်ချက်မှာ မှန်ကန်ကြောင်း သုံးသပ်ရရှိလျှင် ထုတ်ဆင့်ခဲ့ သည့် အမိန့်စာကို စည်းကမ်းချက်များသတ်မှတ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်း သို့မ ဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
(ဃ) ဗဟိုဘဏ်က ကာလတိုးချဲ့ခြင်းကို နောက်ထပ်အမိန့်စာဖြင့် ထုတ်ဆင့်ခြင်းမပြုလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈)အရ ထုတ်ဆင့်သော အမိန့်သည် တရားဝင်သက်တမ်း နှစ်နှစ်ထက် မပိုစေရ။
(င) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈)အရ ခန့်ထားသော အုပ်ချုပ်သူက ဘဏ်၏ ထိန်းချုပ် ကွပ်ကဲမှုတာဝန်ကိုယူပြီးနောက် ဗဟိုဘဏ်သည် လက်တွေ့ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလ တွင် အစီရင်ခံစာကို အစိုးရအဖွဲ့သို့ ပေးပို့ရမည်။ ထို့နောက် နှစ်စဉ်အစီရင်ခံစာကို ဆက်လက်ပေး ပို့ရမည်။
(စ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ထုတ်ထားသော အမိန့်စာကို အချိန်မရွေး အမိန့် စာဖြင့် ပယ်ဖျက်နိုင်သည်။ ထို့အပြင် ပယ်ဖျက်သည့်အမိန့်စာတွင် ဗဟိုဘဏ်က လိုအပ်သည်ဟု ထင်မြင် သည့်အတိုင်း ညွှန်ကြားချက်များ၊ ပူးတွဲ၊ နောက်ဆက်တွဲ သို့မဟုတ် သဘောအားဖြင့် အကျိုးဆက်ဖြစ် ပေါ်လာမည့် အချက်များ ပါရှိစေရမည်။
(ဆ) ဘဏ်၏အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိတစ်ဦးဦးအား ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၇) အရ ရာထူးမှ ထုတ်ပယ်ခြင်းခံရလျှင် အမိန့်တွင် ဖော်ပြထားသော နေ့ရက်မှစ၍ ရာထူးတာဝန်မှ ရပ်စဲရ မည်။ ယင်းနောက်ပိုင်း အဆိုပါ ဘဏ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်နည်းဖြင့်မျှ ပါဝင်ပတ်သက်ခြင်း မရှိစေရ။
(ဇ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၇) အရ ဒါရိုက်တာ ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိတစ်ဦး ဦးအား ထုတ်ပယ်ခြင်းသည် အလုပ်ခန့်သည့် စာချုပ်တွင် မည်သို့ပင် ပါရှိစေကာမူ ရာထူးမှ ထုတ်ပယ် ခြင်းမှာ ဥပဒေနှင့်ညီညွတ်ပြီး တရားဝင်ဖြစ်စေရမည်။ ထို့ပြင် အလုပ်ထုတ်ပယ်ခံရသူ မည်သူမျှ အလုပ် ထုတ်ပယ်ခြင်းအတွက် လျော်ကြေးတောင်းဆိုပိုင်ခွင့် မရှိစေရ။
(ဈ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံခြားဘဏ်ခွဲများနှင့်လည်း သက်ဆိုင်စေရမည်။
(ည) နိုင်ငံခြားဘဏ်၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဆောင်ရွက်ချက်များနှင့် ပျက်ကွက်မှုများ အားလုံးသည် လည်းကောင်း၊ ထိုနိုင်ငံခြားဘဏ်၊ ဘဏ်ရုံးခွဲ၏ လုပ်ငန်းဆိုင်ရာ အခြားကိစ္စများသည် လည်းကောင်း ဤအခန်းပါ ပြဋ္ဌာန်းချက်များ သက်ဆိုင်မှုတွင် တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် မှတ်ယူရမည်။
(ဋ) ဤအခန်းပါ ပြဋ္ဌာန်းချက်များ အလို့ငှာ ဘဏ်၏ မတည်ရင်းနှီးငွေနှင့် ရရန်ပိုင်ခွင့်များ၏ တန်ဖိုးကို ဗဟိုဘဏ်က ထုတ်ပြန်သည့် စည်းမျဉ်းများတွင် သတ်မှတ်သည့် စံသတ်မှတ်ချက်များ နှင့် လုပ်ထုံးလုပ် နည်းများအတိုင်းဖြစ်သည်။