• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၂၇) အထွေထွေ

၁၇၅။ ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် အထူးကုမ္ပဏီ အက်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ကွဲလွဲပါက ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရသာ လိုက် နာဆောင်ရွက်ရမည်။

၁၇၆။ ဤဥပဒေဖြင့် ရုပ်သိမ်းသည့် ဥပဒေအရ လိုင်စင်ထုတ်ပေးခဲ့သော ဘဏ်သည် ဤဥပဒေပြဋ္ဌာန်း သည့် နေ့ရက်မှခြောက်လအတွင်း ယင်း၏ ဘဏ်လိုင်စင်ကို ဗဟိုဘဏ်သို့ ပြန်လည်အပ်နှံရမည်။ ဗဟိုဘဏ်သည် လိုင်စင်ပြန်လည် အပ်နှံသောဘဏ်များသို့ ဤဥပဒေ ပုဒ်မ ၁၁ အရ လိုင်စင်အသစ်ကို သတ်မှတ်ချက် များနှင့်အညီ ထုတ်ပေးရမည်။

၁၇၇။ ဤဥပဒေအာဏာ သက်ရောက်သည့်နေ့တွင် ဘဏ်သည် အစုရှယ်ယာဝင်များ၏ စာရင်းတစ်ရပ် နှင့်အရေးပါသော ပိုင်ဆိုင်မှုတစ်ရပ်ကို ပိုင်ဆိုင်သူအသီးအသီးအတွက် အကျိုးခံစားခွင့်ရှိသူနှင့် ယင်းတို့ ၏ပိုင်ရှင်များဆိုင်ရာ အခြားသော သတင်းအချက်အလက်၊ အသေးစိတ်အနေဖြင့် ဗဟိုဘဏ်၏ တောင်း ဆိုမှုအတိုင်း ဤဥပဒေအာဏာ သက်ရောက်သောနေ့မှ တစ်နှစ်အတွင်း ဗဟိုဘဏ်သို့ ပေးပို့ရမည်။

၁၇၈။ ဤဥပဒေဖြင့် ရုပ်သိမ်းသည့် ဥပဒေအရ ဗဟိုဘဏ်၏ ဆောင်ရွက်ချက်အားလုံးသည် ဤဥပဒေ နှင့် မဆန့်ကျင်ပါက ဗဟိုဘဏ်မှ အတိအလင်း ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းမပြုလျှင် ဆက်လက်အတည်ဖြစ်သည်။

၁၇၉။ ဤဥပဒေဖြင့် ရုပ်သိမ်းသည့် ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် များ၊ ညွှန်ကြားချက်၊ အမိန့်ကြော်ငြာစာနှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၁၈၀။ လိုင်စင်သဘောတူညီချက် သို့မဟုတ် ခွင့်ပြုချက်တစ်ရပ်အတွက်ဖြစ်စေ၊ အခြားမည်သည့်ကိစ္စ အတွက်ဖြစ်စေ လျှောက်ထားချက်တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက ဤဥပဒေဖြင့် ရုပ်သိမ်းသည့် ဥပဒေအရ ဗဟိုဘဏ်သို့ တင်သွင်းသည့် အယူခံတစ်ရပ်ရပ်နှင့် အကျိုးသက်ဆိုင်သည့် နေ့မတိုင်မီ အနီးကပ်ဆုံးဖြစ်သော ဆောင်ရွက်ဆဲကိစ္စရပ်များသည် ဤဥပဒေနှင့် လိုက်လျောညီထွေဖြစ်သည့် ပြဋ္ဌာန်းချက်ဖြစ်လျှင် ယင်းပြဋ္ဌာန်းချက်အရ ပြုလုပ်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ ဤဥပဒေနှင့် ဆန့် ကျင်ပါက ဤဥပဒေပြဋ္ဌာန်းသည့်နေ့တွင် ယင်းကိစ္စရပ်များအားလုံး ပျက်ပြယ်သည်ဟု မှတ်ယူရမည်။

၁၈၁။ ဤဥပဒေဖြင့် ရုပ်သိမ်းသည့် ဥပဒေအရ လိုင်စင်ရသူတစ်ဦးက ၎င်းဥပဒေနှင့်အညီ ဘဏ်စာရင်း ဖွင့်ထားသူတစ်ဦးဦး သို့မဟုတ် အခြားဆက်သွယ်ဆောင်ရွက်သူ၊ မြီစား၊ မြီရှင် သို့မဟုတ် အခြားသူတို့ နှင့် ဥပဒေအရ ချုပ်ဆိုခဲ့သော အရောင်းအဝယ် စာချုပ်များ၊ ဆက်သွယ်ရောင်းဝယ်မှုများ အားလုံးနှင့် ဥပဒေအရ ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းများအားလုံးကို ဤဥပဒေနှင့်အညီ တရားဝင်ပြုလုပ်ချုပ် ဆိုခဲ့သည်ဟု မှတ်ယူရမည့်အပြင် အလားတူအကျိုးသက်ရောက်သည့်နေ့မတိုင်မီ အနီးကပ်ဆုံး တည်ဆဲဖြစ်သည့် အဆိုပါရောင်းဝယ်မှုများနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်အရ အခွင့်အရေး သို့မ ဟုတ် တာဝန်ရှိမှုတစ်ခုခုကိုလည်း ဤဥပဒေအရ ဆက်လက်တရားဝင် အတည်ဖြစ်သည်ဟု မှတ်ယူရ မည်။

၁၈၂။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၁၈၃။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်သော တာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သူကို ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း အရေးယူခြင်း မပြုရ။

(ခ) ဗဟိုဘဏ်၏ တာဝန်ပေးချက်အရ ဆောင်ရွက်သူတစ်ဦးသည် တရားစွဲဆိုခံရပါက ယင်းသို့ တရားစွဲ ဆိုခံရခြင်းအတွက် ခုခံချေပရန် ကုန်ကျစရိတ်များကို ဗဟိုဘဏ်က ကျခံရမည်။

၁၈၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဗဟိုဘဏ်သည် လိုအပ် သော စည်းမျဉ်းနှင့် စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

၁၈၅။ မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၆/၉၀)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။