• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၂) ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊

(ခ) နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊

(ဂ) နိုင်ငံတော်အတွင်းရှိ ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများက ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာမှ ကျင့်သုံးနေသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်၊

(ဃ) ဗဟိုဘဏ်က ငွေရေးကြေးရေးအဖွဲ့အစည်းများအား နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ထိရောက်စွာ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းပြုနိုင်ရန်၊

(င) ငွေအပ်နှံသူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးရန်နှင့်  ငွေရေးကြေးရေးစနစ် တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ခိုင်မာမှုကို ထိန်းသိမ်းရန်။