၃၁။ အပ်နှံငွေလက်ခံသည့် လုပ်ငန်းကို ဗဟိုဘဏ်၏ လိုင်စင်ရရှိသူသာ လုပ်ကိုင်ခွင့်ရှိသည်။
၃၂။ ငွေရေးကြေးရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် ပြည်တွင်း သို့မဟုတ် ပြည်ပရှိ ပုဂ္ဂိုလ် တစ်ဦးဦးထံမှ အပ်နှံငွေရရှိရန် အောက်ပါဆောင်ရွက်မှုတစ်ခုခုကို ဗဟိုဘဏ်၏ စာဖြင့်ကြိုတင် ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်သည်-
(က) အပ်နှံငွေရရှိစေရန် ဆွဲဆောင်မှုပြုခြင်း သို့မဟုတ် အပ်နှံငွေ လက်ခံရယူခြင်း၊
(ခ) အပ်နှံငွေ လက်ခံရရှိရေးအတွက် သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်း သို့မဟုတ် ထိုသို့ ချုပ်ဆိုရန် ကမ်းလှမ်းခြင်း။
၃၃။ (က) ဘဏ်တစ်ခုခုက ပြုလုပ်သော ကြော်ငြာတွင် ဖော်ပြချက်တစ်ခုခုမှာ မှားယွင်းကြောင်း၊ လိမ် လည်ခြင်း သို့မဟုတ် လှည့်ဖျားခြင်းပြုကြောင်း ဗဟိုဘဏ်က ထင်မြင်ယူဆလျှင် ဗဟိုဘဏ်သည် ထို ဘဏ်သို့ အောက်ပါတို့ကို အကြောင်းကြားစာပေးပို့ ညွှန်ကြားနိုင်သည်-
(၁) ကြော်ငြာဆက်လက် ပြုလုပ်ခြင်းကို ရပ်စဲစေခြင်း၊
(၂) ဗဟိုဘဏ်က သတ်မှတ်သည့် နည်းလမ်းအတိုင်း ကြော်ငြာကို ပြင်ဆင်စေခြင်း၊
(၃) ကြော်ငြာများ သို့မဟုတ် ပြသချက်များအားလုံးကိုရုပ်သိမ်း၍ ပြန်လည်ပြင်ဆင်ကြော်ငြာစေရန် သို့မဟုတ် ပြန်လည် ရုပ်သိမ်း ရန် ဖြစ်နိုင်သမျှ ဆောင်ရွက်ခြင်း။
(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ(က)အရ ထုတ်ပြန်သော ညွှန်ကြားချက်တစ်ခုခုကို ပြောင်းလဲခြင်း၊ ပြင်ဆင် ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုနိုင်သည်။