• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။      (က)    ဤဥပဒေကို ယှဉ်ပြိုင်မှုဥပဒေဟု ခေါ်တွင်စေရမည်။

         ( ခ )   ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက် တွင် စတင်အာဏာတည်စေရမည်။

၂။       ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပ္ပ္ပာယ်သက် ရောက်စေရမည်-

         (က)    နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်။

         ( ခ )   အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ကိုဆိုသည်။

         ( ဂ )   ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ဆိုသည်။

         (ဃ)    ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော ဝန်ကြီးဌာန ကိုဆိုသည်။

         ( င )   ယှဉ်ပြိုင်မှုဆိုသည်မှာ စျေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအကြား မိမိတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုမည့် ဝယ်ယူသူအရေ အတွက်၊ စျေးကွက်ဝေစုနှင့် စျေးကွက်လွှမ်းမိုးနိုင်မှုတို့ကို ပိုမိုရရှိစေရန် စီးပွားရေး လုပ်ငန်းများကို အပြိုင်အဆိုင်ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်ဆောင် ရွက်မှုကိုဆိုသည်။

         ( စ )   ယှဉ်ပြိုင်မှုမူဝါဒဆိုသည်မှာ စျေးကွက်အတွင်း မျှတသောယှဉ်ပြိုင်မှုတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်စေရေးနှင့် စားသုံးသူများ၏ အကျိုးကို  လက်ဝါးကြီးအုပ်ဆောင်ရွက်မှုမှ တားဆီးကာကွယ်နိုင်ရေးတို့အတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်စေရန် နိုင်ငံ တော်က ချမှတ်လုပ်ဆောင် သောမူဝါဒများကို ဆိုသည်။

         ( ဆ )  ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်ဆိုသည်မှာ စျေးကွက်အတွင်း ရှိ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုကိုလျော့နည်းစေရန် သို့မဟုတ် အတားအဆီး ဖြစ်စေရန် လုပ်ဆောင်ခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ယှဉ်ပြိုင်မှုကို ထိန်းချုပ် သည့်သဘောတူညီချက်များ၊ စျေးကွက်အတွင်းရှိ လွှမ်းမိုးထားသည့် အခြေအနေ အပေါ် အခွင့်အရေးယူ၍ အလွဲသုံးစားမှုပြုခြင်းနှင့် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းတို့ပါဝင်သည်။

         ( ဇ )   တရားမျှတမှုမရှိသောယှဉ်ပြိုင်မှုဆိုသည်မှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် ရာတွင် နိုင်ငံတော်၏ အကျိုးစီးပွားကိုဖြစ်စေ၊အခြားစီးပွားရေးလုပ်ငန်းသို့မဟုတ်  စားသုံးသူတို့၏ တရားဝင်ရထိုက်သော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဖြစ်စေ  ထိခိုက်စေသော သို့မဟုတ် ထိခိုက်စေနိုင်သော ယှဉ်ပြိုင်မှု ဆောင်ရွက်ချက် များကိုဆိုသည်။

         ( စျ)    စီးပွားရေးလုပ်ငန်းဆိုသည်မှာ ကုန်စည်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ လဲလှယ်ခြင်း စသည့်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို ဆိုသည်။

         (ည)    စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်သောပုဂ္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ် တွင် စီးပွားရေးလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်သော အဖွဲ့အစည်း လည်း ပါဝင်သည်။

         ( ဋ)    ကုန်စည်ဆိုသည်မှာ ဤဥပဒေအလို့ငှာ ကုန်သွယ်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း သို့မဟုတ် စားသုံးခြင်းပြုသောပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် ငွေချေး သက်သေခံ အထောက်အထားများ၊ စတော့ခ်များနှင့် ရှယ်ယာများလည်း ပါဝင်သည်။

         ( ဌ )   ဝန်ဆောင်မှုဆိုသည်မှာ ဤဥပဒေအလို့ငှာ အခကြေးငွေ သို့မဟုတ် အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးသောလုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ် တွင် အစိုးရအဖွဲ့က ဝန်ဆောင်မှုဖြစ်သည်ဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်။

         ( ဍ)    စျေးကွက်ဆိုသည်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရောင်းလိုသူနှင့် ဝယ်လိုသူတို့ အကြား ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သောနယ်ပယ်ကို ဆိုသည်။

         ( ဎ )   စျေးကွက်ဝေစုဆိုသည်မှာ စျေးကွက်၏ စုစုပေါင်းရောင်းချနိုင်သောပမာဏတွင် စီးပွား ရေးလုပ်ငန်းလုပ်ကိုင်သူက ရောင်းချသော သို့မဟုတ် ဝန်ဆောင်မှုပေးသော ရာခိုင်နှုန်း သို့မဟုတ် အချိုးအစားကို ဆိုသည်။ 

         (ဏ)   စျေးနှုန်းဆိုသည်မှာ ကုန်စည်ရောင်းချမှု သို့မဟုတ် ဝန်ဆောင်မှုပြုရာတွင် သတ်မှတ် သောတန်ဖိုးကို ဆိုသည်။

         (တ)     ကော်မတီဆိုသည်မှာ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက် နိုင်ရန် ကော်မရှင်ကဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေးကော်မတီအပါအဝင် အခြားကော်မ တီများကို ဆိုသည်။

         (ထ)    လုပ်ငန်းအဖွဲ့ဆိုသည်မှာ ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ကော်မတီက ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့ကိုဆိုသည်။