၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရား သဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများ ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရန်၊
( ခ ) ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မျှတမှု မရှိသော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ရန်၊
( ဂ ) ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်၊
(ဃ) စီးပွားရေးလုပ်ငန်းများအကြား ကန့်သတ်ထားရှိသော သဘောတူညီချက်နှင့် အစီအမံ များကို ထိန်းချုပ်နိုင်ရန်။