• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း (၃) အခြေခံမူများ

၄။      ယှဉ်ပြိုင်မှုအခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည်-

          (က)    ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်း အားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်းစီးပွားရေးဖွံဖြိုးတိုးတက်သည့် အသိုက်အဝန်းအ ဖြစ် ရောက်ရှိစေရေး၊

          ( ခ )   ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တစ်ပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့်ရရှိစေရေး၊

          ( ဂ )   ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊

          (ဃ)    လုပ်ငန်းနယ်ပယ်အသီးသီးတွင် လွတ်လပ်၍မျှတသော ယှဉ်ပြိုမှုဖြစ်ထွန်း ပေါ်ပေါက် စေရေး၊

          ( င )   အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းဆိုင်ရာ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားများ၊ ငွေကြေးစီးဝင်မှုများ အတွက် လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သော စီးပွားရေးအသိုက်အဝန်းတစ်ခု အဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာစေရေးနှင့် ယှဉ်ပြိုင်မှုကွန်ရက်တွင် ပူးပေါင်းပါဝင် ဆောင် ရွက်ရေး၊

          ( စ )   ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ရေး၊

          (ဆ)    ရင်းနှီးမြှုပ်နှံသူ၊ တီထွင်သူနှင့် ထုတ်လုပ်သူတို့၏ အသိဥာဏ်ပစ္စည်းဆိုင်ရာ အခွင့် အရေးများကို ကာကွယ်ပေးခြင်းဖြင့် တီထွင်ကြံဆနိုင်သောစွမ်းရည်ကို အားပေး မြှင့်တင်ရေး။