• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၄) ကော်မရှင် ဖွဲ့စည်းခြင်း

၅။      အစိုးရအဖွဲ့သည်-

          (က)    ဤဥပဒေပါ လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန် သင့်လျော်သော ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှပညာရှင်များ၊ သင့်လျော်သောပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ဖွဲ့စည်းရမည်။

          ( ခ )   ကော်မရှင်ကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။

          (ဂ)     ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသော ကော်မရှင်ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၆။      နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနက ခွင့်ပြုသော လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေတို့ကို ခံစားခွင့်ရှိသည်။

၇။      ကော်မရှင်သည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာမူဝါဒများနှင့်အညီ မိမိ၏ လုပ်ငန်းတာဝန်များကို လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်သည်။