• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၆) စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၁၁။    ကော်မရှင်သည် -

          (က)    စုံစမ်းစစ်ဆေးရေးကော်မတီကို ကော်မတီဝင် အနည်းဆုံးငါးဦး၊ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းတို့အနက်မှ သင့်လျော်သူတစ်ဦးကို ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။

          ( ခ )   ပုဒ်မခွဲ(က) အရ ဖွဲ့စည်းရာတွင် ကော်မတီဝင်များသည် စီးပွားရေးပညာရပ်၊ ဥပဒေ ပညာရပ်၊ ကူးသန်းရောင်းဝယ်ရေးပညာရပ်နှင့် သက်ဆိုင်ရာ အခြားပညာရပ်များတွင် အတွေ့အကြုံနှင့် ဗဟုသုတရှိသူ ဖြစ်ရမည်။

          ( ဂ )   ပုဒ်မခွဲ(က)အရ ဖွဲ့စည်းရာတွင် စုံစမ်းစစ်ဆေးရေးကော်မတီဝင်အဖြစ် ဆောင်ရွက် သူသည်စုံးစမ်းစစ်ဆေးရမည့် စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သက်ဆိုင်သူ မဖြစ်စေရ။

          (ဃ)    ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေးကော်မတီကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၂။     စုံစမ်းစစ်ဆေးရေးကော်မ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

          (က)    စုံစမ်းစစ်ဆေးရေးကိစ္စရပ်များအတွက် လိုအပ်သည့် သက်သေခံအထောက်အထား၊ စာရွက်စာတမ်း၊ ငွေရေးကြေးရေးအထောက်အထားများနှင့် ခိုင်လုံသော အကျိုးအ ကြောင်းဖော်ပြချက်များ တောင်းယူစစ်ဆေးခြင်း၊လိုအပ်သောသက်သေများကို ခေါ်ယူ မေးမြန်းခြင်း၊

          ( ခ )   ပုဒ်မခွဲ (က)ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် ခိုင်လုံသော အကြောင်း ပြချက်မရှိဘဲ လိုက်နာရန် ပျက်ကွက်ပါက အရေးယူဆောင်ရွက်မှုပြုနိုင်ရန် ကော်မရှင် မှ တစ်ဆင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ တင်ပြခြင်း၊

          ( ဂ )   စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံရသူ သို့မဟုတ် ယင်းတို့ နှင့်ဆက်စပ်ပါဝင်နိုင်ဖွယ်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး၏ အဆောက်အအုံ၊ မြေ၊ လုပ်ငန်း နေရာတို့ကို ဥပဒေနှင့်အညီ ဝင်ရောက် ကြည့်ရှုစစ်ဆေးခြင်းနှင့် ရှာဖွေခြင်း၊

          (ဃ)    စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများနှင့် ဤဥပဒေအရ လိုအပ်သောအရေးယူဆောင် ရွက်မှုများကို  ပြုနိုင်ရန် ကော်မရှင်သို့ တင်ပြခြင်း၊

          ( င )   လိုအပ်သောလုပ်ငန်းအဖွဲ့များကို  ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

          ( စ )   လုပ်ငန်းအဖွဲ့များ၏ စုံးစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို လက်ခံစစ်ဆေး ဆောင်ရွက်ခြင်း။