• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၈) ယှဉ်ပြိုင်မှုတွင် ဈေးကွက်လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်း

၁၅။    မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းကို ဖြစ်ပေါ်စေသည့် အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုရ -

          (က)    ကုန်စည်ဝယ်ယူသည့် ဈေးနှုန်း သို့မဟုတ် ကုန်စည်ရောင်းချသည့်ဈေးနှုန်း သို့မဟုတ် ဝန်ဆောင်မှုအတွက် အခကြေးငွေကို ထိန်းချုပ်ထားခြင်း၊

          ( ခ )   ဈေးနှုန်းထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ဆောင်မှုကိုဖြစ်စေ၊ ထုတ်လုပ်မှုကိုဖြစ်စေ ကန့်သတ်ခြင်း သို့မဟုတ် ကုန်စည်ဝယ်ယူခြင်း၊ ရောင်းချခြင်းပြုရာတွင် အခွင့်အလမ်း များကို ကန့်သတ်ခြင်း သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက မဖြစ် မနေဆောင်ရွက်ရမည့် စည်းကမ်းချက်များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်၍သော်လည်းကောင်း  သတ်မှတ်ခြင်း၊

          ( ဂ )   ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ လွှဲပြောင်းပေးမှု သို့မဟုတ် တင်သွင်းမှု တို့ကို သင့်လျော်သည့်အကြောင်းပြချက်မရှိဘဲ ဆိုင်းငံ့ထားခြင်း၊ လျော့ချခြင်း၊ ကန့် သတ်ခြင်း သို့မဟုတ် ဈေးကွက်ဝယ်လိုအားအောက်လျော့နည်းစေရေးအတွက် အရည် အသွေးကို လျော့ချရန်အလို့ငှာ ကုန်စည်များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ပြုလုပ် ခြင်း၊

          (ဃ)    အခြားစီးပွားရေးလုပ်ကိုင်သူများကို ဈေးကွက်အတွင်း ဝင်ရောက်မလာနိုင်စေရန်နှင့် ဈေးကွက်ဝေစုကို ထိန်းချုပ်ရန်အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းဝယ် ဖောက်ကားမှုပြုရာတွင် နယ်မြေဧရိယာ ထိန်းချုပ်ကန့်သတ်မှုပြုခြင်း၊

          ( င )   အခြားသူ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် တရားမျှတမှုမရှိဘဲ ဝင်ရောက် စွက်ဖက်ခြင်း။

၁၆။    စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူသည် အခြားစီးပွားရေးလုပ်ငန်းတစ်ခုခု၏ အခြေအနေကို ထိန်းသိမ်းခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖန်တီးခြင်းကို အကျိုးသက်ရောက်မှုရှိစေရန် ကော်မရှင်၏ခွင့်ပြုချက်ဖြင့် အောက်ဖော်ပြပါကိစ္စရပ်များကို ဆောင်ရွက်နိုင်သည်-

          (က)    အခြားစီးပွားရေးလုပ်ငန်းတစ်ခုခု၏ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ပံ့ပိုးကူညီသူတို့နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်း၊

          (ခ)     အခြားစီးပွားရေးလုပ်ငန်းတစ်ခုခု၏ ပိုင်ဆိုင်မှု ပစ္စည်းများ သို့မဟုတ် အစုရှယ်ယာများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဝယ်ယူခြင်း။