• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၉) တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှု

၁၇။    ဤဥပဒေအရ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုအလို့ငှာ ဆောင်ရွက်ချက်တို့မှာ အောက်ပါ အတိုင်းဖြစ်သည်-

          (က)    စားသုံးသူများ အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်ခြင်း၊

          ( ခ )   စီးပွားရေးလုပ်ငန်း လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊

          ( ဂ )   စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအချင်းချင်း အနိုင်အထက်ပြုလုပ်ခြင်း၊

          (ဃ)    အခြားစီးပွားရေးလုပ်ငန်း၏နာမည်ဂုဏ်သတင်းကိုပျက်ပြားစေခြင်း၊

          ( င )   အခြားစီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်း၊

          (စ)     မျှတမှုမရှိသော ယှဉ်ပြိုင်မှုအလို့ငှာ ကြော်ငြာခြင်းနှင့်အရောင်းမြှင့်တင်ခြင်း၊

          (ဆ)    စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအကြား ခွဲခြားဆက်ဆံခြင်း၊

          (ဇ)     ထုတ်လုပ်မှုကုန်ကျစရိတ်အောက် လျော့နည်းသော ဈေးနှုန်းဖြင့်ဖြစ်စေ၊ ဆိပ်ကမ်း ရောက်တန်ဖိုးအောက် လျော့နည်းသော ဈေးနှုန်းဖြင့်ဖြစ်စေ ဈေးကွက်အတွင်း ရောင်း  ချခြင်း၊

          (ဈ)     မိမိလုပ်ငန်း၏ အရှိန်အဝါဩဇာကို အလွဲသုံးစားပြုခြင်း၊ အခြားလုပ်ငန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်း၊ လှုံ့ ဆော်ခြင်း၊

          (ည)    ကော်မရှင်က စားသုံးသူများ၏အကျိုးအတွက် လိုအပ်သည့်အခါတွင် သတ်မှတ်သည့် ယှဉ်ပြိုင်မှုတွင် မျှတမှုမရှိသော ဆောင်ရွက်ချက်ကို ပြုလုပ်ခြင်း။

၁၈။    မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှစားသုံးသူများအထင်အမြင်လွဲမှားစေသည့် အောက် ပါဆောင်ရွက်မှုတစ်ခုခုကို မပြုရ-

          (က)    တရားဝင်မှတ်ပုံတင်ထားသည့် ကုန်စည်အမည်၊ လုပ်ငန်းဆောင်ပုဒ်၊ အမှတ်တံဆိပ်၊  ထုပ်ပိုးမှု၊ ပထဝီဒေသဆိုင်ရာအညွှန်းများနှင့် အခြားအရာများကို အထင်အမြင်လွဲမှား မှုဖြစ်စေသည့် အချက်အလက်များကို အသုံးပြု၍ ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း၊

          (ခ)     ပုဒ်မခွဲ(က)ပါ သတင်းအချက်အလက်များကို အသုံးပြု၍ ကုန်စည်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းစသည့် စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ခြင်း၊

၁၉။    မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ အခြားစီးပွားရေးလုပ်ငန်းတစ်ခုခု၏ လျှို့ဝှက်ချက် များကို ပေါက်ကြားစေခြင်းနှင့်စပ်လျဉ်း၍ အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုလုပ်ရ-

(က) စီးပွားရေးလုပ်ငန်းတစ်ခု၏ လျှို့ဝှက်ချက်များ၊ ယင်းလျှို့ဝှက်ချက်နှင့်သက်ဆိုင်သည့်   သတင်းအချက်အလက်များကို ရယူခြင်း၊ စုဆောင်ခြင်းပြုလုပ်ရာတွင် အဆိုပါလျှို့ဝှက် ချက်များကို ဥပဒေအရ ပိုင်ဆိုင်သူများက ကာကွယ်ထားသည့် လုံခြုံရေးဆိုင်ရာအစီ အမံများကို ချိုးဖောက်၍ ဆောင်ရွက်ခြင်း၊

(ခ)   စီးပွားရေးလုပ်ငန်းလျှို့ဝှက်ချက်များကို ဥပဒေနှင့်အညီ ပိုင်ဆိုင်သူ၏ တရားဝင် ခွင့်ပြုချက် မရရှိဘဲ့ အသုံးပြုခြင်း သို့မဟုတ် ဖော်ထုတ်ခြင်း၊

(ဂ)   စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်များ၊ ယင်းလျှို့ဝှက်ချက်နှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို ရယူခြင်း၊ စုဆောင်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းပြုရာတွင် ယင်းလျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် တာဝန်ရှိသူ၏ ယုံကြည်မှုရရှိရန် သွေးဆောင်ဖြား ယောင်းခြင်း သို့မဟုတ် ယုံကြည်မှုအပေါ် အခွင့်အရေးရယူခြင်း၊

(ဃ) ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နည်းလမ်းတကျ ဆောင်ရွက်သည့် အခြားပုဂ္ဂိုလ်များ ပိုင် ဆိုင်သော စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်များ ထုတ်ကုန်ဖြန့်ဖြူးခြင်းများနှင့်ဆိုင် သော လုပ်ငန်းများကို ပေါက်ကြားစေခြင်း၊

(င)   နိုင်ငံပိုင်အဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသော လုံခြုံမှုဆိုင်ရာ အစီအမံများကို ချိုး ဖောက်၍ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ပေါက်ကြားစေခြင်း၊

(စ)   ပုဒ်မခွဲ(င)ပါ ယင်းသတင်းအချက်အလက်များကို အသုံးပြု၍ စီးပွားရေးလုပ်ငန်းကိစ္စ အတွက် ဆောင်ရွက်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းလိုင်စင်ရယူရန် လျှောက်ထား ခြင်း သို့မဟုတ် ကုန်စည်များ ဖြန့်ဖြူးခြင်း။

၂၀။      မည့်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ  စားသုံးသူများကိုဖြစ်စေ၊ အခြားစီးပွားရေးလုပ် ငန်းနှင့်တွဲဖက်လုပ်ကိုင်သူများကိုဖြစ်စေထိုလုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် သို့မဟုတ် ဆောင်သွယ်ဆောင်ရွက်ခြင်းကို ရပ်စဲရန် ခြိမ်းခြောက်၍သော်လည်းကောင်း၊ အတင်းအကျပ်ပြုလုပ် ၍သော်လည်းကောင်း ချုပ်ချယ်မှုပြုလုပ်ခြင်းဖြင့် အနိုင်အထက်မပြုရ။

၂၁။      မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ အခြားစီးပွားရေးလုပ်ငန်းများ၏ နာမည်ဂုဏ် သတင်း၊ ငွေကြေးဆိုင်ရာအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပျက်ပြားစေရန် မမှန်ကန် သော သတင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထုတ်လွှင့်ခြင်းမပြုရ၊

၂၂။      မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ အခြားစီးပွားရေးလုပ်ငန်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ၊ တားဆီးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမပြုရ။

၂၃။      မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုအလိုငှာ  ကြော် ငြာလုပ်ငန်းဆိုင်ရာ အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုလုပ်ရ-

(က)  စီးပွားရေးလုပ်ငန်းတစ်ခု၏ ကုန်စည်နှင့်ဝန်ဆောင်မှုများကို အခြားစီးပွားရေးလုပ်ငန်း များ၏ အလာတူ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် တိုက်ရိုက်နှိုင်းယှဉ်ခြင်း၊

(ခ)    သူတစ်ပါး၏ ကုန်စည်နှင့် ဆင်တူယိုးမှားကြော်ငြာခြင်းဖြင့် ကုန်စည်ဝယ်ယူသူတို့ကို သွေးဆောင်ဖြားယောင်းခြင်း၊

(ဂ)    အောက်ပါအချက်အလက်များအနက် တစ်ခုခုအပေါ် မှားယွင်းသော သို့မဟုတ် သွေး ဆောင်ဖြားယောင်းသော သတင်းအချက်အလက်များကို ကုန်စည်ဝယ်ယူသူများသို့ ထုတ်ပြန်ခြင်း-

(၁)     ဈေးနှုန်း၊ ပမာဏ၊ အရည်အသွေး၊ အသုံးဝင်မှုများ၊ ဒီဇိုင်းပုံစံများ ၊ အမျိုးအစား များ ၊ ထုပ်ပိုးမှုများ၊ ထုတ်လုပ်သည့်ရက်စွဲ ကြာရှည်အသုံးခံမှု၊ မူလအရင်း အမြစ်၊ ထုတ်လုပ်သူများ၊ ထုတ်လုပ်သည့်နေရာများ၊ ပြုပြင်ထုတ်လုပ်သူများ၊ ပြုပြင်ထုတ်လုပ်သည့်နေရာများ၊

(၂)      အသုံးပြုပုံ၊ ဝန်ဆောင်မှုပေးပုံ၊ အာမခံကာလ၊

(၃)     အခြားမှားယွင်းသော သို့မဟုတ် သွေးဆောင်ဖြားယောင်းသော သတင်းအချက် အလက်များ၊

(ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသည့် ကြော်ငြာလုပ်ငန်းများ။

၂၄။     မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ တရားမျှတမှုမရှိသော  ကြော်ငြာပြိုင်မှုကိုဖြစ်စေ သည့် အောက်ပါဆောင်ရွက်မှု တစ်ခုခုကို မပြုရ-

(က)    လိမ်လည်လှည့်ဖြားလိုသော ရည်ရွယ်ချက်ဖြင့် အရောင်းမြှင့်တင်ရန် စည်းရုံးဆောင် ရွက်ခြင်း၊

(ခ)     တူညီသော အရောင်းမြှင့်တင်ရေးအစီအစဉ်တွင် ကုန်စည်ဝယ်ယူသူများကို ခွဲခြား ဆက်ဆံခြင်း၊

(ဂ)     တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော အရောင်းမြှင့်တင်မှုနည်းလမ်းများ ကို ကျင့်သုံးဆောင်ရွက်ခြင်း။

၂၅။     မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ ခွဲခြားဆက်ဆံခြင်းကို ဖြစ်ပေါ်စေသည့် အောက်ပါ ဆောင်ရွက်မှုတစ်ခုခုကို မပြုရ-

          (က)    စီးပွားရေးလုပ်ငန်းတစ်ခုကို မိမိအဖွဲ့အစည်းသို့ ဝင်ရောက်ရန် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသော်လည်း ဝင်ခွင့်ပြုရန် ငြင်းဆန်ခြင်းဖြင့်ဖြစ်စေ၊ နှုတ်ထွက်ခွင့် ပြုရန် ငြင်းဆန်ခြင်းဖြင့်ဖြစ်စေ ယှဉ်ပြိုင်မှုတွင် အဟန့်အတားဖြစ်စေခြင်း၊

          (ခ)     စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွင် ပါဝင်သော စီးပွားရေးလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ကန့်သတ်ခြင်း။

၂၆။     မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ မိမိ၏ကုန်စည်ကို ဈေးကွက်အတွင်း ယှဉ်ပြိုင် ရောင်းချရာ၌ အခြားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းသွားစေရန် ရည်ရွယ်၍ ယင်းကုန်စည်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်အောက်လျော့နည်းသော ဈေးနှုန်းဖြင့်လည်းကောင်း ရောင်းချခြင်းမပြုရ။

၂၇။     မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ ဈေးကွက်အတွင်း အရှိန်အဝါဩဇာကို အလွဲ သုံးစားပြု၍ အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုရ-

          (က)    ယှဉ်ပြိုင်သူများ ဈေးကွက်အတွင်းမှထွက်သွားစေရန်အလို့ငှာ ထုတ်လုပ်မှုကုန်ကျ စရိတ်အောက် လျော့နည်းသောဈေးနှုန်း သို့မဟုတ် ဆိပ်ကမ်းရောက်တန်ဖိုးအောက် လျော့နည်းသော ဈေးနှုန်းဖြင့် ကုန်စည်များရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုပေး ခြင်း၊

          (ခ)     ဈေးကွက်ပေါက်ဈေးနှင့် ကိုက်ညီမှုမရှိသော ဈေးနှုန်းဖြင့် ကုန်စည်များရောင်းချခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း သို့မဟုတ် ပြန်လည်ရောင်းချသူများ အပေါ် ရောင်းချရမည့် ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြင့် စားသုံးသူများကို ထိခိုက်နစ်နာ စေခြင်း၊

          (ဂ)     ကုန်စည်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ထိန်းချုပ်ခြင်း၊ ဈေးကွက်ကို ကန့်သတ်ထားခြင်း၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့် အတားဖြစ်စေခြင်းနှင့် စားသုံးသူများကို ထိခိုက်နစ်နာစေခြင်း။

          (ဃ)    တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရန်အလို့ငှာ တူညီသော ဈေးကွက် အတွင်း တစ်ပြေးညီမဟုတ်သော ကူးသန်းရောင်းဝယ်မှုဆိုင်ရာ စည်းကမ်းချက်များ ချမှတ်ခြင်း၊

          (င)     ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အရောင်းအဝယ်စာချုပ်များချုပ်ဆိုရာ၌ အခြားစီးပွားရေးလုပ်ငန်းများအပေါ် တရားမျှတမှုမရှိသော စည်းကမ်းချက်များချမှတ် ခြင်း သို့မဟုတ် ယင်းစာချုပ်များနှင့်တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော တာဝန်ဝတ္တရား များကို လက်ခံရန် အတင်းအကျပ်ပြုခြင်း၊

          (စ)     ဈေးကွက်အတွင်း ယှဉ်ပြိုင်သူအသစ်များ ဝင်ရောက်လာခြင်းကို မတရားသည့် နည်း လမ်းများဖြင့် တားဆီးခြင်း၊

          (ဆ)    ဈေးကွက်အတွင်း ယှဉ်ပြိုင်သူအသစ်များ ဝင်ရောက်လာခြင်းကို တားဆီးရန်အတွက် မိမိပိုင်ဆိုင်သည့် သို့မဟုတ် အသုံးပြုလျက်ရှိသည့် အဓိကကျသော အထောက်အကူပြု ပစ္စည်းများ သို့မဟုတ် ရှားပါးအရင်းအမြစ်များအား အသုံးပြုခွင့်ကို ငြင်းပယ်ခြင်း သို့မဟုတ် ခွဲခြားခွင့်ပြုခြင်း။

၂၈။     မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ အခြားစီးပွားရေးလုပ်ငန်းများနှင့် သဘောတူ စာချုပ် ချုပ်ဆိုထားပြီးဖြစ်သော ပုဂ္ဂိုလ် သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုကို စာချုပ်သက်တမ်း မကုန်ဆုံးမီ စာချုပ်ဖောက်ဖျက်စေရန် သွေးဆောင်ဖြားယောင်းခြင်း သို့မဟုတ် ဆွဲဆောင်ခြင်း မပြုရ။

၂၉။     မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ ဈေးကွက်အတွင်း မျှတမှုမရှိသော နည်းလမ်းဖြင့် ကုန်စည်များကို တင်သွင်းခြင်း၊ ယင်းကုန်စည်များကို ဈေးကွက်ပေါက်ဈေးအောက် လျော့၍ ရောင်းချခြင်း မပြုရ။