• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၁၀) စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း

၃၀။    စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်သည်-

          (က)     စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းခြင်း၊

          (ခ)      စီးပွားရေးလုပ်ငန်းများ ပေါင်းစပ်ဖွဲ့စည်းခြင်း၊

          (ဂ)      စီးပွားရေးလုပ်ငန်းတစ်ခုက အခြားစီးပွားရေးလုပ်ငန်းတစ်ခုကို ဝယ်ယူခြင်း၊ ရယူခြင်း၊      (ဃ)          စီးပွားရေးလုပ်ငန်းများ ဖက်စပ်လုပ်ကိုင်ခြင်း၊

          (င)     ကော်မရှင်က သတ်မှတ်ထားသည့် စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင် ရွက်မှု အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း။   

၃၁။    မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ ပုဒ်မ ၃၀ ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက် ရာတွင်         အောက်ဖော်ပြပါ အခြေအနေများဖြစ်ပေါ်စေနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုကို မပြုရ-

          (က)    အချိန်ကာလတစ်ခုအတွင်း ဈေးကွက်လွှမ်းမိုးမှုကို အလွန်အမင်း မြင့်မာစေရန်   ရည် ရွယ်သည့် ပူးပေါင်းဆောင်ရွက်ခြင်း၊

          (ခ)     စီးပွားရေးလုပ်ငန်း တစ်ခုတည်း သို့မဟုတ် အနည်းစုသာရှိသော ဈေးကွက်ရရှိစေရန် အတွက် ယှဉ်ပြိုင်မှုကို ကျဆင်းစေသည့် ပူးပေါင်းဆောင်ရွက်ခြင်း၊

၃၂။     စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်သည့် စီးပွားရေး လုပ်ငန်းများ ၏ ပေါင်းစပ်လိုက်သည့် ဈေးကွက်ဝေစုမှာ ကော်မရှင်က သတ်မှတ်ထားသည့် ဈေးကွက်ဝေစု ကန့်သတ်ချက်ထက် ကျော်လွန်ပါက မည်သည့်စီးပွားရေး လုပ်ငန်းအချင်းချင်း  ပူးပေါင်းမှုကို မပြု လုပ်ရ။

၃၃။    ပုဒ်မ ၃၁ အရ တားမြစ်ထားသည့် စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် တားမြစ်ချက်တစ်ခုခုကို အောက်ဖော်ပြပါ အခြေအနေများတွင် ကင်းလွတ်ခွင့်ပေးနိုင် သည်-

          (က)    ပုဒ်မ ၃၀ အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီးသော်လည်း ထိုစီးပွားရေး လုပ်ငန်းသည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအရွယ်အစားအတွင်း၌ပင် ရှိနေသေးသည့် အခြေအနေ၊

          (ခ)     ပူးပေါင်းဆောင်ရွက်မှုတွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော စီးပွားရေးလုပ်ငန်းများသည် ပြိုလဲပျက်စီးနိုင်သည့်အခြေအနေ သို့မဟုတ် ဒေဝါလီခံရတော့မည့်အခြေအနေ၊

          (ဂ)     စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် ပို့ကုန်တင်ပို့မှုမြှင့်တင်ရေး အပေါ် အကျိုးသက်ရောက်မှုရှိသော အခြေအနေ သို့မဟုတ် နည်းစနစ်နှင့် နည်းပညာ တိုးတက်မှုကို အထောက်အပံ့ပေးသည့်အခြေအနေ သို့မဟုတ် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများ တည်ထောင်သည့် အခြေအနေ။